အမြောက်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ ၁၄ နှစ်အရွယ် ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး

အမြောက်တပ်ကပစ်တဲ့ လက်နက်ကြီးကျည်ထိလို့ ၁၄ နှစ်အရွယ် ကလေး ၁ ဦးအပါ ၄ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်မြောက်ပိုင်းက လက်ပံချောင်းရွာမှာ စစ်ကောင်စီရဲ့ အမြောက်တပ်ကနေ ပစ်တဲ့ လက်နက်ကြီးကျည်ထိမှန်ပြီး ၁၄ နှစ်အရွယ် ကလေး ၁ ဦးအပါ ပြည်သူ ၄ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။

နိုဝင်ဘာ ၂၆ ရက် ဒီကနေ့မနက် ၁၀ နာရီကျော်မှာ ကလေး-တမူး ကားလမ်းပေါ်မှာရှိတဲ့ နန်းဗဟိုရ် အမြောက်တပ်ကနေ လက်နက်ကြီး ၃ လုံးပစ်ခတ်ချိန် လက်ပံချောင်းရွာထဲက နေရာ ၂ ခုကို ကျရောက် ပေါက်ကွဲခဲ့တယ်လို့ ဆိုပါတယ်။

“စခန်းကြီးအနီး နန်းဗဟိုရ် အမြောက်တပ်က ထုတာ၊ (လက်နက်ကြီးကျတဲ့) ၂ နေရာစလုံး သေတာ၊ အူတွေရော ထွက်ကုန်တယ်၊ ကလေး ၁ ယောက် အူထွက်၊ အမျိုးသမီး ၁ ယောက် ခေါင်းထိသေတယ်၊ သေဆုံး အမျိုးသား ၁ ယောက်ကတော့ သူ့ ရွာဖက်ကို သယ်သွားပြီ။”လို့ ကလေးဒေသခံတဦးက ပြောပါတယ်။

လက်နက်ကြီးစထိမှန်လို့ လက်ပံချောင်းရွာက လာလ်းရတ်အဲလ် (Lal Rap El) အသက် ၁၄ နှစ်၊ လားဗျက်ပွီး (Lalbiakpuii ) အသက် ၂၅ နှစ်၊ ဒေါ်လှောင်နိတ်ပါရ် (Hlawn Neih Par) အသက် ၅၄ နှစ်၊ ကနန်ရွာဇာတိက ဦးလာလ်းမှိန်းထန်းအာ (Pu Lalhmingthanga) အသက် ၆၅ နှစ်တို့ ၄ ဦး သေဆုံးခဲ့ တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ကလေးမြို့တောင်ပိုင်းနဲ့ မြောက်ပိုင်းကို လက်နက်ကြီးနဲ့ မကြာခဏ ပစ်ခတ်လေ့ရှိပြီး ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၄ ရက်ကလည်း စံသာကျေးရွာနဲ့ မြို့ကြီးကုန်းရွာကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ ဒရုန်းဗုံးချ တိုက်ခိုက်တာတွေကြောင့် ၁၀ နှစ်အရွယ်ကလေး ၁ ဦးအပါ ပြည်သူ ၅ ဦး ဒဏ်ရာရခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄၊ နိုဝင်ဘာ ၂၅ ရက်အထိ စစ်ကောင်စီအဖွဲ့တွေနဲ့ ၎င်းရဲ့လက်ပါးစေတို့ကြောင့် သေဆုံးခဲ့တဲ့ ပြည်သူစုစုပေါင်း ၅,၉၈၂ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတ

စာတည်း - လင်း

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #လက်နက်ကြီး #ထိမှန် #သေဆုံး #ကလေးသူငယ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10