သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းနဲ့မကွေးတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ရင်းတွေထံ စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး လက်နက်ချပူးပေါင်းလာတယ်လို့ ဇန်နဝါရီ ၁၀ ရက် မနေ့မှာ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန အမှတ် ၁ စစ်ဒေသက သတင်းထုတ်ပြန်ပါတယ်။
ဇန်နဝါရီ ၁၀ ရက်မှာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ရှိမ္မကားရွာမှာ ယာယီအခြေပြုတပ်စွဲနေတဲ့ ခမရ ၁၃ စစ်ကောင်စီတပ်ဖွဲ့လက်အောက်ပြည်သူ့စစ်တပ်ဖွဲ့ဝင် ၂ ဦး MA-1 ၂ လက်၊ ၅.၅၆ မမ ကျည် ၄၆၀ တောင့်နဲ့အတူ ရွှေဘိုခရိုင်တပ်ရင်း ၂ ထံ လာရောက်ပူးပေါင်းခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဇန်နဝါရီ ၉ ရက်မှာလည်း မကွေးတိုင်း၊ ဂန့်ဂေါခရိုင်၊ ဆောမြို့မရဲစခန်းမှ ရဲတပ်သား ၁ ဦးက G-3 ၁ လက်၊ ၇.၆၂ မမ ကျည် ၃၄၉ တောင့်၊ လက်ပစ်ဗုံး ၄ လုံး၊ ကျည်အိမ် ၂ ခု ယူဆောင်လာပြီး ဂန့်ဂေါခရိုင်တပ်ရင်း-၃ ထံ လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။
ဇန်နဝါရီ ၉ ရက်မှာပဲ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့၊ BPI မွေးမြူရေးစခန်းမှ စစ်ကောင်စီတပ်ဖွဲ့ ဝင် ၂ ဦး MA-1 ၂ လက်၊ အီနာဂါ ဗုံးသီး ၁ လုံး၊ လက်ပစ်ဗုံး ၂ လုံး၊ ၅.၅၆ မမ ကျည် ၁၆၆ တောင့်၊ ပို့ကျည် ၅ တောင့်၊ ကျည်အိမ် ၁၀ ခုနဲ့ ပခုက္ကူခရိုင် တပ်ရင်း-၈ ထံ လက်နက်ချ ပူးပေါင်းခဲ့တယ်လို့ ထုတ်ပြန်ချက်က ဆိုပါတယ်။
အလားတူ တောင်းပိုင်းတိုင်း အမှတ် ၂ စစ်ဒေသလက်အောက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထံကိုလည်း ဘီးလင်း-ဖာပွန်လမ်းပိုင်းက စစ်ကောင်စီတပ်လှဂွန်းပျိုစခန်းက စစ်ကောင်စီတပ်ဖွဲ့ဝင် ဗိုလ်မှူး ၁ ဦးအပါ ၁၆ ဦး ဇန်နဝါရီ ၇ ရက်က လက်နက်ခဲယမ်းအများအပြားနဲ့အတူ လက်နက်ချပူးပေါင်းလာတယ်လို့ အဲ့ဒီစစ်ဒေသက ထုတ်ပြန်ထားပါတယ်။
#မြေလတ်အသံ
#စစ်ကိုင်း #မကွေး #စစ်ကောင်စီ #လက်နက်ချ
Share Share Share