သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁) စစ်ဒေသ၊ ၂၀၂၅ နှစ်သစ်ကူးအထိမ်းအမှတ် အားကစားပြိုင်ပွဲကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီး ဦရည်မွန်တက်ရောက်ခဲ့တယ်လို့ အမှတ်(၁) စစ်ဒေသက သတင်းထုတ်ပြန်ခဲ့ပါတယ်။
ဇန်နဝါရီ ၂ ရက် သတင်းထုတ်ပြန်ချက်အရ အမှတ်(၁) စစ်ဒေသရဲ့နှစ်သစ်ကူးအားကစားပြိုင်ပွဲတွေကို ဇန်နဝါရီ ၁ ရက်က စစ်ကိုင်းတိုင်းထဲက တော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့နယ်မြေတနေရာမှာ ကျင်းပခဲ့တာဖြစ်ပြီး ကာကွယ်ရေးဝန်ကြီးတက်ရောက်ခဲ့တာလို့ သိရပါတယ်။
ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ်(၁) စစ်ဒေသရဲ့ ၂၀၂၅ နှစ်သစ်ကူးအထိမ်းအမှတ် အားကစားပြိုင်ပွဲတွေမှာ ဘောလုံး၊ ခြင်းလုံး၊ လွန်ဆွဲ စတဲ့ ကစားနည်းများပါဝင်ပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေနဲ့အတူ ဒေသခံပြည်သူတွေလည်း ပါဝင်ဆင်နွှဲခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
တည်းဖြတ်-HP
#မြေလတ်အသံ
#အမှတ်၁စစ်ဒေသ #စစ်ကိုင်း #နှစ်သစ်ကူး #ပျော်ပွဲရွှင်ပွဲ
Share Share Share