အရာတော်မှာ ကင်းစခန်းတိုက်ခိုက်ခံရပြီး စစ်သား ၃ ဦးနဲ့ ပျူစောထီး ၂ ဦး သေဆုံး (ရုပ်/သံ)

စစ်ကိုင်းတိုင်း၊ မုံရွာခရိုင်၊ အရာတော်မြို့နယ်၊ သလဲဘာရွာက စစ်သားနဲ့ ပျူစောထီးတွေကို အောက်တိုဘာ ၂၂ ရက်မှာ မဟာမိတ်အဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူတွေရှိခဲ့တယ်လို့ Bo Tiger - ဗိုလ်ကျားကြီးတပ်ဖွဲ့ဆီက သိရပါတယ်။

အဲ့ဒီ သလဲဘာပျူစောထီးစခန်းကို ဝင်တိုက်ဖို့ ညနေ  ၅ နာရီလောက်ကတည်းက ရွာကိုချဥ်းကပ်ခဲ့ကာ ၆ နာရီဝန်းကျင်ကနေ ၉ နာရီအထိ လက်နက်ငယ်တွေနဲ့ ပစ်ပြီး ဝင်တိုက်ခဲ့ကြတာလို့ Bo Tiger - ဗိုလ်ကျားကြီးခေါင်းဆောင် ဗိုလ်ကျားကြီးက ပြောပါတယ်။

တိုက်ပွဲမှာ ဘန်ကာနဲ့ ကင်းစခန်းအသေးကို သိမ်းနိုင်ခဲ့ပြီး စခန်းကြီးကိုတော့ မသိမ်းနိုင်ခဲပေမယ့် စစ်ကောင်စီတပ်သား ၃ ဦး ပျူစောထီး ၂ ဦးသေပြီး ၇ ဦးစိုးရိမ်ရတဲ့ ဒဏ်ရာရသွားတာကို နယ်မြေခံတွေပြောပြချက်အရ သိရတယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကိုတော့ မဟာမိတ်အင်အား ၁၅၀ လောက်နဲ့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယခင်ကလည်း သွားရောက်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

Bo Tiger - ဗိုလ်ကျားကြီးနှင့် မဟာမိတ်အဖွဲ့တွေက ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်အင်အားရှိပေမဲ့ ကျည်ဆံကုန်လို့သာ စခန်းတခုလုံးကို မသိမ်းနိုင်ခဲ့တာလို့ ဆိုပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း၊ တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#မြေလတ်သတင်း #သတင်း #စစ်ကိုင်းတိုင်း #မုံရွာ #BoTigerဗိုလ်ကျားကြီး #စစ်ကောင်စီ #ပျူစောထီး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10