အရာတော်မှာ စစ်ကောင်စီစခန်းတခု တိုက်ခိုက်ခံရလို့  ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရဟုဆို

အရာတော်မှာ စစ်ကောင်စီစခန်းတခု တိုက်ခိုက်ခံရလို့  ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရဟုဆို

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်က စစ်ကောင်စီတွေ တပ်စွဲထားတဲ့ သစ်ကြင်းကြီးတပ်စခန်းဟာ ဖေဖော်ဝါရီ ၁ ရက်နေ့လည် ၁ နာရီမှာ တိုက်ခိုက်ခံရလို့ ၂ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရရှိသွားခဲ့တယ်လို့ သိရပါတယ်။

သစ်ကြင်းကြီးကျေးရွာရဲ့ စာသင်ကျောင်းမှာ အင်အား ၂၀ ခန့် တပ်စွဲထားတဲ့ စစ်ကောင်စီတွေကို ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ၄ ကြိမ်၊ ရှော့တိုက်ဒုန်းနဲ့ ၃ ကြိမ် တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ Danger Force LPDF က ဒရုန်းတာဝန်ခံကိုမာန်ဟုန်က ပြောပါတယ်။

"စကစတွေက ကျနော်တို့ကို ၆၀ မမ၊ ၄၀ မမတွေ နဲ့ ပြန်လည်ပစ်ခတ်ခဲ့တယ်။ ဒါပေမဲ့ ကျနော်တို့ ရဲဘော်တွေ အထိအခိုက်မရှိခဲ့ဘူး။ မြေပြင်ကင်းထောက်တွေ သတင်းပေးချက်အရ စကစ ၂ ကောင်က ဆေးရုံမှာ သေတယ်။ နောက်ထပ် ၂ ကောင်က ဆေးကုသနေရတယ်လို့ အတည်ပြုနိုင်ခဲ့တယ်" လို့ ဆိုပါတယ်။

အဆိုပါ စစ်ကောင်စီတပ်သားတွေဟာ သစ်ကြင်းကြီးကျေးရွာမှာ အထိုင်ချတပ်စွဲနေတာ ၁ နှစ် နီးပါးခန့် ကြာမြင့်နေပြီဖြစ်လို့ စခန်းနေရာကို ကာဗာတွေနဲ့ ခိုင်ခိုင်ခိုင်မာမာ ပြုလုပ်ထား ပေမယ့် တိုက်ပွဲအတွင်း တိုက်ခိုက်ချိန်ဟာ ၄၅ မိနစ် ခန့်ကြာမြင့်ခဲ့တယ်လို့ ကိုမာန်ဟုန်က ဆိုပါတယ်။

ဒီတိုက်ခိုက်မှုကိုတော့ Danger Force LPDF၊ Ngwe Dwin Revolution Force (NDRF)၊ MRTF တပ်ဖွဲ့ ၊ သပြေညို ပြောက်ကျားတပ်ဖွဲ့၊ မိုင်းမင်းသားမြေအောက်ပျောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း အရာတော်မြို့ အနောက်ဘက်မှာရှိတဲ့ စက်မှုလယ်ယာ စစ်ဆေးရေးဂိတ်ကို Danger Force LPDF အပါအဝင် ပူပေါင်းတပ်ဖွဲ့တွေက ဒရုန်းနဲ့ ၂ ကြိမ် တိုက်ခိုက်ခဲ့လို့ ၂ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာ ရရှိခဲ့သေးတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10