အရာတော်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတွေအပါအ၀င် PDF အယောင်ဆောင်ပြီး စစ်ကြောင်းထိုးနေ

အရာတော်မှာ စစ်ကောင်စီတပ်က အမျိုးသမီးတွေအပါအ၀င် PDF အယောင်ဆောင်ပြီး စစ်ကြောင်းထိုးနေ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်မှာ စစ်ကောင်စီတပ် က PDF ၀တ်စုံတွေ ၀တ်ဆင်ပြီး ကျေးရွာတွေထဲ စစ်‌ကြောင်းထိုးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အရာတော် - မုံရွာလမ်းပိုင်းရှိ ကမ်းပြူကျေးရွာကို ဩဂုတ် ၂၀ ရက်က အင်အား ၃၀ ခန့်ရှိတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို စစ်ကား ၂ စီးနဲ့ လာရောက်ပို့ဆောင်သွားပြီး တော်လှန်ရေးတပ်ဖွဲ့၀င်‌တွေရဲ့ ယူနီဖောင်းကို ၀တ်ဆင်ထားတယ်လို့ သိရပါတယ်။

"စစ်တပ်က PDF တွေရဲ့ အ၀တ်တွေ၀တ်ပြီး ရွာထဲ၀င်တာ။ ပြီးရင် ဆက်ကြေးကောက်တယ်။ ဖမ်းတယ်။ ပြီးရင် PDF တွေလုပ်ပါတယ်ဆိုပြီး အယောင်ဆောင်ပြီး စစ်ကြောင်းထိုးတာတွေ လုပ်တယ်။ PDF တပ်ဖွဲ့တွေရဲ့ စခန်းကိုစီးပြီဆိုရင် ယူနီဖောင်းတွေအရင်ယူတာ။ အဲဒီကနေရကြတယ် ထင်တယ်။ သူတို့ထဲမှာ မိန်းမတွေလည်းပါတယ်" လို့ အရာတော်ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

အလားတူ ထနောင်း၀င်းကျေးရွာအနီး၊ ရေနံဖိုလမ်းခွဲနဲ့ ရွှေဂူဖြူဘုရားနား ကိုလည်း စစ်ကား ၂ စီးနဲ့ အမျိုးသမီးတွေအပါအ၀င် PDF ယူနီဖောင်းတွေ ၀တ်ဆင်ထားတဲ့ စစ်ကောင်စီတပ်သားတွေ လာရောက်ပို့ဆောင်သွားတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီတပ်က ကျေးရွာတွေထဲ အကြောင်းမဲ့ စစ်ကြောင်းထိုး၀င်ရောက်ကာ နေအိမ်တွေမီးရှို့ဖျက်ဆီးပြီး တွေ့တဲ့လူကို အကြောင်းမဲ့ပစ်ခတ်သတ်ဖြတ်မှုတွေ လုပ်ဆောင်ကာ ဒေသခံတွေရဲ့ သေဆုံးရုပ်အလောင်းတွေကို PDF ယူနီဖောင်းတွေ၀တ်ပေးပြီး လုံခြုံရေးအရ ပစ်ခတ်ဖမ်းဆီးရတာဖြစ်တယ်လို့ သတင်းအမှား ဝါဒဖြန့်တာတွေ လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

လက်ရှိတွင် မုံရွာ - အရာတော်လမ်းပိုင်းနဲ့ ကျောက္ကာ - ဗောဓိတစ်ထောင်ဖြတ်လမ်းပိုင်းကို ဒီနေ့ ဩဂုတ် ၂၁ ရက်ကစပြီး အသုံးမပြုကြဖို့နဲ့ မဖြစ်မနေအသုံးပြုမယ်ဆိုပါက ပတ်၀န်းကျင် အခြေအနေများကို လေ့လာပြီးမှ အသုံးပြုကြဖို့ ဒေသကာကွယ်ရေးအဖွဲ့တွေက သတိပေးစာထုတ်ပြန်ထားပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#သတင်း #စစ်ကိုင်းတိုင်း #အရာတော် #စစ်ကောင်စီ #PDF #မုံရွာ #စစ်ကြောင်းထိုး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10