အရာတော်မှာ တိုက်ပွဲဖြစ်လို့ PDF တဦးသေဆုံး၊ ဒေသခံတဦးလည်း အသတ်ခံထားရ

အရာတော်မှာ တိုက်ပွဲဖြစ်လို့ PDF တဦးသေဆုံး၊ ဒေသခံတဦးလည်း အသတ်ခံထားရ

စစ်ကိုင်းတိုင်း၊ အရာတော်မြို့နယ်၊ ညောင်ပင်ရွာအရှေ့ဘက်မှာ စစ်ကောင်စီတပ်သားတွေနဲ့ ဒေသခံကာကွယ်ရေးတပ်တွေ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ပြီး ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦး သေဆုံးကာ ဒေသခံအမျိုးသားတဦးလည်း အသတ်ခံထားရတယ်လို့ လွတ်လပ်သောကာကွယ်ရေးတပ်ပေါင်းစု (အရာတော်)အဖွဲ့ဆီက သိရပါတယ်။ 

ဒီမနက် ၁၀ နာရီလောက်က စတင်တိုက်ပွဲဖြစ်ခဲ့ကာ စစ်ကောင်စီဘက်ကလည်း စစ်ကြောင်း ၃ ကြောင်းနဲ့ ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ 

"အခုထိ အလောင်းမကောက်နိုင်သေးဘူး။ စကစ အင်အား ၂၅၀ ခန့်နဲ့ အခုလက်ရှိ မလဲသာ၊ ကံရင်း၊ ညောင်ပင် ၃ ရွာစလုံးမှာ နေရာယူထားတယ်"လို့ လွတ်လပ်သောကာကွယ်ရေးတပ်ပေါင်းစု (အရာတော်)မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

ထိတွေ့တိုက်ပွဲ နာရီဝက်ခန့် ဖြစ်ပြီးနောက် ဒေသခံကာကွယ်ရေးတပ်တွေဘက်က အသက် ၂၅ နှစ်အရွယ် ရဲဘော်တဦးကျဆုံးခဲ့ကာ စစ်ကောင်စီဘက်က ထိခိုက်မှုအခြေအနေတွေကိုတော့ မသိရှိရသေးဘူးလို့ ဆိုပါတယ်။ 

ဒါ့အပြင် တိုက်ပွဲဖြစ်လို့ တိမ်းရှောင်နေရတဲ့ ကံသုံးဆင့်ကျေးရွာက ရွာသားတဦးလည်း စစ်ကောင်စီတပ်တွေက ငါးကင်းရွာနဲ့ မလဲသာရွာအကြားမှာ ပစ်သတ်ခဲ့သေးတယ်လို့ သိရပါတယ်။ 

အသတ်ခံရသူရဲ့ အသေးစိတ်အချက်အလက်နဲ့ နောက်ဆက်တွဲ စစ်ရေးအခြေအနေတွေကိုတော့ မြေလတ်အသံက ဆက်လက်စုံစမ်းနေဆဲပါ။ 

ဒါ့အပြင် စစ်တပ်က စစ်ကြောင်းခွဲ ထိုးစစ်ဆင်တိုက်ခိုက်နေတဲ့အတွက် အရာတော်မြို့နယ်က မလဲသာ၊ ကံရင်း၊ ညောင်ပင်၊ ငါးကင်းတောင်ရွာ၊ မြောက်ရွာ၊ ရွာဦး၊ ကံသုံးဆင့် စတဲ့ကျေးရွာတွေက ဒေသခံ ၁ သောင်းကျော်လည်း ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#စစ်ကိုင်း #အရာတော် #ညောင်ပင်ရွာ #စစ်ကောင်စီ #တိုက်ခိုက် #PDF #ရဲဘော် #ေသဆုံး #ဒေသခံ #အသတ်ခံရ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10