အရာတော်လူထုသပိတ်က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် (Photo News)

အရာတော်လူထုသပိတ်က ဦးဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ် (Photo News)

အရာတော်မြို့နယ် ကျေးရွာတရွာမှာ အရာတော်လူထုသပိတ်က ဦးဆောင်ပြီး ဒီဇင်ဘာ ၁၂ ရက် ဒီနေ့ညနေပိုင်းမှာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ထွက်ခဲ့ကြပါတယ်။

ကျေးလက်နေ တောင်သူလယ်သမားတွေနဲ့ ကျောင်းသားတွေအတူပူးပေါင်းပြီး "လူ့အခွင့်ရေးထွန်းကားစေ တရားမျှတလွတ်လပ်မြေ" "အရာတော်သွေးဟေ့ရဲရဲနီ ရန်သူမင်းရှေ့ကိုချီတက်ခဲ့ပြီ" စတဲ့ ဘန်နာတွေ ကိုင်ဆောင်ပြီး တော်လှန်ရေးကြွေးကြော်သံတွေနဲ့ သပိတ်ထွက်ခဲ့ကြတယ်လို့ သိရပါတယ်။

အဲ့ဒီသပိတ်မှာ လူ့အခွင့်ရေး ကြေညာစာတမ်း လက်ကမ်းစာစောင်တွေ ဖြန့်ဝေတာနဲ့ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့  အထိမ်းမှတ် အမှတ်တရအင်္ကျီတွေလည်း ဝေခဲ့ကြတယ်လို့ သိရပါတယ်။

#မြေလတ်အသံ

#PhotoNews #အရာတော် #လူထုသပိတ် 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10