အရိပ်စစ်ဆင်ရေးအဖြစ် တောင်ငူကပျူစောထီးခေါင်းဆောင်တွေအပါ တပ်ဖွဲ့ဝင် ၆ ဦးရှင်းလင်းခံရ

အရိပ်စစ်ဆင်ရေးအဖြစ် တောင်ငူကပျူစောထီးခေါင်းဆောင်တွေအပါ တပ်ဖွဲ့ဝင် ၆ ဦးရှင်းလင်းခံရ

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ ကွမ်းပင်အုပ်စုမှာ ပျူစောထီးခေါင်းဆောင်တွေနဲ့ အဖွဲ့ဝင်တွေကို အရိပ်စစ်ဆင်ရေး-Operation Shadow အနေနဲ့ ပစ်ခတ်ရှင်းလင်းခဲ့တယ်လို့ တောလှန်ရေးရဲဘော်တွေဆီက သိရပါတယ်။

ဇွန် ၂၅ ရက် မနက် ၁၀ နာရီမှာ ကွမ်းပင်အုပ်စု၊ ကျောက်လုံးကြီးကျေးရွာက ပျူစောထီးခေါင်းဆောင် ဦးအေးကိုနဲ့ ကွမ်းပင်ကျေးရွာက ပျူစောထီးအဖွဲ့ဝင် ကိုကျော်စိုးနိုင်တို့ကို ရှင်းလင်းခဲ့တယ်လို့ ဆိုပါတယ်။

ဇွန် ၂၇ ရက် နေ့လယ် ၁၂ နာရီမှာ ကွမ်းပင်ကျေးရွာက သတင်းအချက်လက် စုဆောင်းရေးတာဝန်ကို ယူထားတဲ့ ပျူစောထီးအဖွဲ့ဝင်တွေဖြစ်တဲ့ ကိုငြိမ်း၊ မောင်ဌေးနဲ့ မမိုးမိုးတို့ကိုလည်း  တပြိုင်တည်း ရှင်းလင်းခဲ့တယ်လို့ သိရပါ တယ်။

ဒါ့အပြင် ဇူလိုင် ၁ ရက် မနေ့က မနက် ၈ နာရီမှာတော့ အဆိုပါ ကွမ်းပင်ကျေးရွာက ပျူစောထီးခေါင်းဆောင် လောရှည်(မူးယစ်ဆေးဝါးဖြန့်ဖြူးရောင်းချသူ)ကို တောင်ငူ-လိပ်သို လမ်းပိုင်းတနေရာမှာ ရှင်းလင်းခဲ့ပြီး ကိုလောရှည်ဆီက စိတ်ကြွရူးသွပ်ဆေးပြား ၆၀၀၀ ပြား (တန်ဖိုးငွေ သိန်း ၁၂၀ဖိုး) နီးပါး သိမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

“ရှင်းတာက နေအိမ်ရော လမ်းမှာရော အစုံပဲ၊ သူတို့က စစ်တပ်ရဲ့ ထောက်လှမ်းရေးကွန်ယက် ပုံစံမျိုးစုံကို အလုပ်လုပ်နေတာ၊ နောက်ဆုံးရှင်းလိုက်တဲ့ ပျူစောထီးခေါင်းဆောင်(လောရှည်)က ဒီနယ်မှာဆို ဒုတိယအကြီး ဆုံးဖြစ်တဲ့အတွက် စစ်ကြောင်းထိုးတယ်။ ခုရှင်းလိုက်တဲ့ ကွန်ယက်ရဲ့ လက်ချက်ကြောင့် ခဲယမ်းလမ်းကြောင်းတွေ အဖမ်းခံရဖူးတယ်။” လို့ ငါးပြေမ ပြောက်ကြားတပ်ဖွဲ့တာဝန်ရှိသူ တဦးက ပြောပါတယ်။

အဆိုပါ ရှင်းလင်းလိုက်တဲ့ ပျူစောထီးတွေဆီကနေ ပစ္စတို ၁ လက်၊ လက်ပစ်ဗုံး ၁ လုံး၊ SONY ကင်မရာ ၁ လုံး၊ မိုဘိုင်းဖုန်း ၄လုံး၊ စစ်မှုထမ်းရမယ့် ပြည်သူစာရင်း၊ အဆောင်လက်ဖွဲ့တွေနဲ့ တခြားအသုံးအဆောင်ပစ္စည်းတွေ သိမ်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်၊

အဆိုပါ စစ်ရေးလှုပ်ရှားမှုတွေကို ငါးပြေမပြောက်ကြားတပ်ဖွဲ့၊ သာယာဝတီခရိုင်-၃၈၀၁တပ်ရင်း၊ တပ်ခွဲ ၁- YOMA GBK PDF၊ မကွေးတိုင်း ပြည်သူကာကွယ်ရေးတပ်-အောင်လံ တို့ ပူးပေါင်းလုပ်ဆောင်ခဲ့ကြတာဖြစ်ပြီး နယ်မြေခံ တပ်ရင်းတပ်ဖွဲ့တွေဆီက လမ်းပိုင်းဆိုင်ရာ အကူညီတွေ ယူခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း-လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #တောင်ငူမြို့နယ် #ကွမ်းပင်အုပ်စု #ပျူစောထီးခေါင်းဆောင် #အရိပ်စစ်ဆင်ရေး #Operation Shadow

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10