အလင်း၀င်လာတဲ့ ခလရ ၂၅၂ က တပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်

အလင်း၀င်လာတဲ့ ခလရ ၂၅၂ က တပ်သားကို ကျပ်သိန်း ၅၀ ချီးမြှင့်

မကွေးတိုင်း၊ ရေစကြိုမြို့နယ်အခြေစိုက် ခလရ ၂၅၂ တပ်က တပ်သားတဦး လက်နက်ခဲယမ်းတွေနဲ့အတူ ရေစကြိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဆီ အလင်း၀င်လာတယ်လို့ အဲ့ဒီအဖွဲ့ဆီက သိရပါတယ်။ 

အလင်းဝင်လာသူဟာ အသက် ၂၂ နှစ်အရွယ် တပ်သား စိုင်းခမ်းလီ ဖြစ်ပြီး ဧပြီ ၅ ရက်မှာ MA 1 ၁ လက်၊ ကျည်ဘောက် ၄ ခု၊ အီနာဂါ ၁ ခု၊ ကျည် ၁၃၀ တောင့်ကျော်ယူပြီး အလင်းဝင်လာတာလို့ ဆိုပါတယ်။ 

"မနေ့က ညပိုင်း ၇ နာရီလောက်က ရေစကြိုမြို့ပေါ်မှာ တာဝန်ကျတဲ့တပ်သား အလင်းဝင်လာတာ၊ ကျနော်တို့သွားပြီးတော့ ခေါ်ခဲ့တာ၊" လို့ ရေစကြိုမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ သတင်းနဲ့ပြန်ကြားရေးတာ၀န်ခံက ပြောပါတယ်။ 

တပ်သားစိုင်းခမ်းလီကို ကျပ်သိန်း ၅၀ ဆုချပြီး လက်ရှိမှာ လွတ်‌မြောက်နယ်တခုကို ပို့‌ဆောင်ထားတယ်လို့ ဆိုပါတယ်။

စစ်အာဏာသိမ်းချိန်ကနေ လက်ရှိအချိန်ထိ ရေစကြို ပကဖဆီကို အလင်းဝင်လာတဲ့ ရဲ ၁ ဦးနဲ့ စစ်သား ၇ ဦးရှိပြီး လက်နက်နဲ့အလင်းဝင်လာသူများတယ်လို့ သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။ 

ပုံစာ - တပ်သား စိုင်းခမ်းလီနှင့် ရေစကြိုပကဖ တာဝန်ရှိသူတဦး။

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #ရေစကြို #အလင်း၀င် #ခလရ၂၅၂ #တပ်သား

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10