အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းနဲ့ ထောက်လှမ်းရေး ၁၆ ရုံး တိုက်ခိုက်ခံရ

အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းနဲ့ ထောက်လှမ်းရေး ၁၆ ရုံး တိုက်ခိုက်ခံရ

စစ်ကောင်စီ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တည်ရှိရာ မန္တလေးနန်းတွင်းနဲ့ ထောက်လှမ်းရေး ၁၆ ရုံးကို ၈၀ မမ လက်လုပ်စိန်ပြောင်းနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ No More Distorship people Defence Force- NMD အဖွဲ့ဆီက သိရပါတယ်။

မန္တလေးမြို့၊ ၆၆ လမ်းနဲ့ ၁၄ လမ်းထောင့်ရှိ မန္တလေးနန်းတွင်းနဲ့ အမရပူရမြို့၊ ကွက်သစ်သံလမ်းအနီး ပင်မအလုပ်ရုံ(လျှပ်/စက်)ထဲရှိ ထောက်လှမ်းရေး ၁၆ ရုံးအတွင်းကို သြဂုတ် ၁ ရက် ဒီမနက် ၄ နာရီခွဲလောက်မှာ တပ်ဖွဲ့ဝင်တွေက ၂ ဖွဲ့ခွဲပြီး တချိန်တည်း တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ဒီနေ့ နိုင်ငံရေးအကျဥ်းသားတွေကို လွှတ်မယ်ဆိုပြီး ချွေးသိပ်ဟန်ပြတာမျိုးကို လက်မခံဘူးဆိုတာက တကြောင်း၊ ကျနော်တို့ UG တွေ အထောက်ပံ့သာကောင်းကောင်းရရင် ဘယ်လောက်လုပ်နိုင်တယ် ဆိုတဲ့အကြောင်းနဲ့ အချိန်မကျသေးလို့ မလုပ်သေးဘူးဆိုတာကိုပြသရင်း စစ်ရေးအရ ခြိမ်းခြောက်မှုတခု လုပ်ဆောင်ခဲ့တာ"လို့ No More Distorship people Defence Force - NMD အဖွဲ့တာ၀န်ခံ နဂါးကြီးက မြေလတ်အသံကို ပြောပါတယ်။

ဒီတိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်က ထိခိုက်သေဆုံးမှုအခြေအနေတွေကိုတော့ မသိရှိရသေးပါဘူး။ 

လက်နက်ခဲယမ်းအခက်အခဲ၊ ချို့ယွင်းမှုနဲ့ လုံခြုံရေးအခြေအနေတွေကြောင့် မစ်ရှင်ပြုလုပ်ခဲ့တဲ့ လက်နက်တွေကို ပြန်လည်ယူဆောင်နိုင်ခြင်းမရှိဘဲ  ပြန်လည် ဆုတ်ခွာခဲ့ရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ 

#သတင်း #မန္တလေး #စစ်ကောင်စီ #တိုက်ခိုက် #NMD

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10