အလုပ်သွားတဲ့အမျိုးသားတဦးကို စစ်ကောင်စီကပစ်ခတ်

အလုပ်သွားတဲ့အမျိုးသားတဦးကို စစ်ကောင်စီကပစ်ခတ်

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့၊ ပြင်ဦးလွင်ရပ်ကွက်မှာနေထိုင်တဲ့ အမျိုးသားတဦး ဖေဖော်ဝါရီလ ၄ ရက်ဒီမနက် ၇ နာရီလောက်မှာ သူရဲ့အလုပ်ကိုသွားချိန် စစ်ကောင်စီတပ်သားတွေက ပစ်ခတ်ခဲ့တာကြောင့် ပေါင်ကိုကျည်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
 
ဒဏ်ရာရှိသူမှာ ကိုသူရိန်ထွန်း ဖြစ်ပြီး၊ သူအိမ်ကနေ ဆိုင်ကယ်နဲ့ အလုပ်လုပ်တဲ့ ဆန်စက်ကိုသွားချိန် ကောလင်းမြို့၊ သုဝဏရပ်ကွက်၊ နှင်းဆီနီ (KTV) အနီးအရောက်မှာ ကင်းပုန်းဝပ်နေတဲ့ စစ်ကောင်စီတပ်သားတွေက ပစ်ခတ်လိုက်တာလို့ KawLin Revolution-KR မှ တာဝန်ရှိသူတဦးက ပြောပါတယ်။
 
"မနက်မှာ စကစအင်အားက ခန့်မှန်း ၆၀ ခန့်နဲ့ ပြင်ဦးလွင်ရပ်ကွက်ကို စစ်ဆေးနေတဲ့အချိန် ကင်းပုန်းဝက်ထားတဲ့အဖွဲ့နဲ့ တိုးတာ။ သူက စကစတွေနဲ့တွေ့လို့ နေအိမ်ဘက်ကိုပြန်လှည့်သွားတဲ့အခါ ပစ်ခတ်လိုက်တာ။ ကျည်ဆံကတော့ ပေါင်ကိုထိပြီး ဖောက်ထွက်သွားတာတော့ သေချာပါတယ်"လို့ အထက်ပါတာဝန်ရှိသူက အတည်ပြုပြောပါတယ်။
 
ပစ်ခတ်ခံရပြီးနောက် ကိုသူရိန်ထွန်းကိုဆေးရုံပို့လိုက်လား၊ စစ်ကောင်စီကပဲ ဖမ်းဆီးသွားလားဆိုတာမသိရှိရသေးသလို နောက်ဆက်တွဲအခြေအနေတွေကိုတော့ မြေလတ်အသံက စုံစမ်းနေဆဲဖြစ်ပါတယ်။
 
အာဏသိမ်းပြီး ၂ နှစ်ပြည့်ပြီးနောက် စစ်ကောင်စီကသူတို့ထိန်းချုပ်မနိုင်တဲ့ တိုင်းနဲ့ ပြည်နယ်တွေထဲက မြို့နယ်အချို့ကို စစ်အုပ် ချုပ်ရေးမြို့နယ်တွေအဖြစ် ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ကြေညာခဲ့ရာ ကောလင်းမြို့နယ်လည်း ပါဝင်ခဲ့ပါတယ်။
 
အဲ့ဒီနောက်ပိုင်းကစလို့ ကောလင်းမြို့ပေါ်မှာလည်း အိမ်ထောင်စုစာရင်းတွေ ကောက်တာ၊ ဆိုင်ကယ်တွေနဲ့ကင်းပတ်တာ၊ ကင်းပုန်းဝပ်စစ်ဆေးတာတွေကို တင်းတင်းကြပ်ကြပ်လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။
 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10