အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်သားရှားပါးမှုကြောင့် နိုင်ငံစီးပွါးရေးကျဆင်းမှုကို ကြီးမားစွာကြုံတွေ့

တနိုင်ငံလုံးမှာ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ ၁ ရက် နောက်ပိုင်းကစလို့ ယနေ့အထိ လုပ်ငန်းခွင် အသီးသီးမှာ လုပ်သားရှားပါးမှုပြဿနာတွေ ကြီးမားစွာကြုံတွေ့နေရသလို

အလုပ်အကိုင်ရှားပါးမှုဟာလဲ ပိုမိုဆိုးရွားလာပြီး ပြည်သူလူထုကြားမှာ ခိုးမှု၊လုယက်မှု စတာတွေအပြင် ဓါးပြတိုက်မှု ဖြစ်စဉ်တွေ မကြာခဏဖြစ်ပေါ်နေပြီး တရားဥပဒေစိုးမိုးမှု ကင်းမဲ့လာတဲ့အခြေအနေကို ပြည်သူတွေရင်ဆိုင်နေကြရတာ ဖြစ်ပါတယ်။

ဒီလို အလုပ်အကိုင်ရှားပါးမှုနဲ့ လုပ်သားရှားပါးမှုတွေကြောင့်ဒေသတွင်း ပြည်သူတွေရဲ့ စားဝတ်နေရေး၊ လူမှုရေးအပါအဝင် နိုင်ငံတခုလုံးရဲ့ စီးပွါးရေး၊ တရားဥပဒေစိုးမိုးရေး စတာတွေကို ဘယ်လောက်အထိ ခြိမ်းခြောက်လာနိုင်လဲ၊

ဘယ်လိုအကျိုးဆက်တွေ ကြုံလာရမလဲဆိုတာ ဒီတပါတ်မြေလတ်ဒေသ "လူမှု၊ စီးပွါး" အစီအစဉ်မှာ ကလောင်ရှင် ဒိအာကာ (မြေလတ်အသံ) က သုံးသပ်တင်ဆက်ပေးသွားပါမယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10