အလုံမင်းဒေါင့်ဆိပ်ကမ်းက သစ်သယ်လာတဲ့ ဖလပ်ခွံ ၈ စီး တိုက်ခိုက်ခံရပြီး ၁ စီးသောင်တင်နေ

အလုံမင်းဒေါင့်ဆိပ်ကမ်းက သစ်သယ်လာတဲ့ ဖလပ်ခွံ ၈ စီး တိုက်ခိုက်ခံရပြီး ၁ စီးသောင်တင်နေ

စစ်ကိုင်းတိုင်း၊ အလုံမြို့၊ မင်းဒေါင့်ဆိပ်ကမ်းကနေ ချင်းတွင်းမြစ်အတိုင်း စုန်လာတဲ့ စစ်ကောင်စီ သစ်သယ်လာတဲ့ ဖလပ်ခွံ ၈ စီးကို စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် ပေါင်းဝကျေးရွာအနီးမှာ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Chindwin Fighter Group (CFG) အဖွဲ့ဆီက သိရပါတယ်။

အောက်တိုဘာ ၁၉ ရက် မနေ့က နေ့လယ် ၁၂ နာရီ ၄၅ မိနစ်ခွဲမှာ အဆိုပါ သစ်သယ်လာတဲ့ ဖလပ်ခွံ ၈ စီးကို ရှေ့ထွက်ပြောင်းတိုက် ၆ လုံးအပြင် လက်နက်ငယ်တွေနဲ့ ကတုတ်ကျင်းတွေထဲကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ရှစ်စီးမြောက်ကို တိုက်ခိုက်ခဲ့တာ၊ ကျနော်တို့ပစ်ခတ်တာမှာ စလင်အခန်းထိတယ်၊ တိုက်ခိုက်ပြီးနောက်မှာ ‌မော်တော်ကြီးက ဂလန့်ထိုးပြီး သောင်တင်သွားတယ်၊ ကျနော်တို့ပစ်တာ ၁၅ မိနစ်လောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်၊ ထိခိုက်သေဆုံးမှုကတော့ အခုထိမသိရသေးဘူး၊ ကျ‌နော်တို့စုံစမ်းနေဆဲပါ" လို့ Chindwin Fighter Group(CFG) တာဝန်ခံက ပြောပါတယ်။

ယခုလက်ရှိအချိန်အထိ မနေ့ကပစ်ခတ်ခံရတဲ့ သစ်တင်လာတဲ့ မော်တော်ဟာ ‌ဆားလင်းကြီးမြို့နယ် ပေါင်းဝကျေးရွာအနီးမှာ သောင်တင်နေတုန်းလို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုမှာ Chindwin Fighter Group (CFG)၊ ဗန္ဓုလနှင့်အဖွဲ့သားများ၊ Brave Heart Army (BHA) တို့က ပူးပေါင်းတိုက်ခိုက်ကြတာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၇ ရက်ကလည်း ဧရာဝတီမြစ်ကနေ ချင်းတွင်းမြစ်အတိုင်းဆန်တက်လာတဲ့ လက်နက်ခဲယမ်းနဲ့ လေယာဉ်ဆီတွေသယ်လာတဲ့ စစ်ကောင်စီ ဖလပ်ခွံ ၄ စီးကို Chindwin Fighter Group (CFG) အဖွဲ့က ပစ်ခတ်တိုက်ခိုက်ခဲ့ပါသေးတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#မြေလတ်သတင်း #သတင်း #ချင်းတွင်းမြစ် #ဖလပ်ခွံ #စစ်ကိုင်းတိုင်း #အလုံ #ဆားလင်းကြီးမြို့နယ် #စစ်ကောင်စီ #ဒေသကာကွယ်ရေးတပ်ဖွဲ့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10