အလံကိုမီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ (Photo news)

အလံကိုမီးရှို့ပြီး တရုတ်အစိုးရကို ဆန့်ကျင်ဆန္ဒပြ (Photo news)

စစ်ကိုင်းတိုင်း၊ ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်ထဲမှာရှိတဲ့ သပိတ်စစ်ကြောင်းတွေစုပေါင်းပြီး တရုတ်နိုင်ငံတော်အလံကိုမီးရှို့ကာ တရုတ်အစိုးရကို ဆန့်ကျင်ကန့်ကွက်ကြောင်း ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။


မေလ ၈ ရက် ဒီကနေ့မနက် ၈ နာရီခွဲက “သို့ တရုတ်အစိုးရ ဖက်ဆစ်တပ်နဲ့ပေါင်းပြီး မြန်မာပြည်သူတွေကိုသတ်နေတာ ချက်ချင်းရပ်" စာသားပါ ဘန်နာတွေကိုင်စွဲပြီး ဆန္ဒပြခဲ့ကြတာလို့ ဆိုပါတယ်။



ယင်းမာပင်-ဆားလင်းကြီးရွာပေါင်းစုံသပိတ်၊ လက်ပံတောင်းဒေသသပိတ်၊ အညာပစ်တိုင်းထောင်လေးများ သပိတ်၊ ယင်းမာပင်မြောက်ခြမ်းကျေးရွာများ သပိတ်၊ နောက်ပြန်မလှည့်ကြေး ဒီတော်လှန်ရေးသပိတ်၊ အောင်လံလွှင့်မည် ရွှေရေကြည်သပိတ်၊ ကယ်တင်ရှင်မရှာတို့ကျေးရွာသပိတ်၊ ရွှေနွယ်သွေးသပိတ်၊ ရွှေဥက္ကံသပိတ် စတဲ့သပိတ်စစ်ကြောင်းတို့ ပူးပေါင်းကာ အတူချီတက်ဆန္ဒပြခဲ့ကြတာလည်း ဖြစ်ပါတယ်။

 


စာတည်း - 007
#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10