သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ လက်ဝဲကျေးရွာလမ်းခွဲမှာ အလှူလာတဲ့ကားတစီး မီးရထားစက်ခေါင်းနဲ့တိုက်မိပြီး ၅ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။
ဒီဇင်ဘာလ ၂၆ ရက်မနေ့ကညနေ ၆ နာရီခွဲမှာ လူ ၁၁ ဦးလိုက်ပါလာတဲ့ ခရီးသည်တင်ကားဟာ လက်ဝဲကျေးရွာထဲကနေ ညောင်ဦးမြို့ထဲကိုထွက်လာချိန် လက်ဝဲကျေးရွာလမ်းခွဲ ရထားသံလမ်းကူးနားမှာ ရထားစက်ခေါင်းနဲ့တိုက်မိခဲ့တာလို့ ဒေသခံတဦးကပြောပါတယ်။
"သူတို့က ရှမ်းပြည်နယ်ကနေ လက်ဝဲကျေးရွာအလှူကိုလာတာ။ ညပိုင်းမှာ ညောင်ဦးမြို့ထဲသွားဖို့နေမယ်၊ ထွက်လာတာ။ တွဲမပါတဲ့ရထားစက်ခေါင်းနဲ့တိုက်မိတာ။ ကားပေါ်မှာက ကျားမ ၁၁ ဦးလောက်ပါတယ်။ ၅ ဦးလောက် ဒဏ်ရာရသွားတယ်"လို့ ပြောပါတယ်။
ဒီတိုက်ခိုက်မှုကြောင့် ကားပေါ်ပါခရီးသည် ၁၁ ဦးအနက် အမျိုးသား ၂ ဦး၊ အမျိုးသမီး ၃ ဦး ဒဏ်ရာရရှိခဲ့ပြီး အားလုံးကစိုးရိမ်ရတဲ့အခြေအနေမရှိဘူးလို့လည်းဆိုပါတယ်။
ဒဏ်ရာရ လူနာတွေကိုတော့ ညောင်ဦးခရိုင် အမှတ် (၅) အရန်မီးသတ်တပ်ဖွဲ့ပိုင် သူနာတင်ယာဉ်နဲ့ ညောင်ဦးခရိုင် ပြည့်သူဆေးရုံကြီးကို ပို့ဆောင်ပေးခဲ့တယ်လို့ သိရပါတယ်။
#မြေလတ်အသံ