သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ရွှေကူတဲစုကျေးရွာမှာ အလှူလုပ်ဖို့အတွက် ချက်ပြုတ်ပြင်ဆင်နေချိန် စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက သေနတ်ပစ်ဖောက်ဝင်ရောက်လာတာကြောင့် အလှူပွဲပျက်စီးခဲ့သလို နေအိမ် ၁၃ လုံးလည်း မီးရှို့ခံခဲ့ရတယ်လို့ ဒေသခံတွေဆီကတဆင့် သိရပါတယ်။
ပျူစောထီးတပ်ဖွဲ့ဝင်တွေ ထိန်းချုပ်ထားတဲ့ ပျဥ်ထောင်ရွာကနေ ထွက်လာတဲ့ အင်အား ၅၀ ပါ စစ်ကြောင်းဟာ ဇန်နဝါရီ ၁၇ ဒီကနေ့ မနက် ၄ နာရီဝန်းကျင်မှာ ရွှေကူတဲစုရွာထဲကို သေနတ်တွေ ပစ်ဖောက်ဝင်ရောက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။
"ရွာနားရောက်မှ သေနတ်တွေ ပစ်ဖောက်ဝင်တာဗျ၊ အိမ်တွေထဲက ပြည်သူပိုင် ပစ္စည်းတွေလည်း မွှေနှောက်ပြီး ယူချင်တာ ယူသွားကြတာ၊ ဖမ်းဆီးခံရတာတော့ မရှိဘူးဗျ၊ ဘာလို့ဆို ရွာက ဒီနေ့အလှူရှိတော့ ချက်ပြုတ်နေကြတာ၊ သူတို့သေနတ်သံတွေ ကြားတာနဲ့ ထွက်ပြေးတော့ လွတ်သွားကြတယ်၊ အိမ်တွေ မီးမစွဲမချင်း ရွာထဲကနေ မထွက်ဘူး၊ အလှူအိမ်မှာ ပြင်ဆင်ထားတာတွေလည်း အကုန်မီးထဲပါသွားတယ်၊ သိုလောင်ထားတဲ့ စပါးကျီတွေလည်း မီးထဲပါသွားတယ်။"လို့ ဒေသခံ ရဲဘော်တဦးက ပြောပါတယ်။
ရွှေကူတဲစုကျေးရွာမှာ ရှင်ပြုအလှူပွဲရှိတဲ့အတွက် ဇန်နဝါရီ ၁၆ မနေ့ကထဲက ပြင်ဆင်နေကြတာဖြစ်ပြီး ဒီကနေ့က အလှူအဝင်ရက်ဖြစ်တဲ့အတွက် ချက်ပြုတ်နေကြချိန် စစ်ကြောင်းထိုးခံခဲ့ရကာ အလှူအိမ်နဲ့ မဏ္ဍပ်လည်း မီးထဲပါသွားတယ်လို့ ဆိုပါတယ်။
"အလှူက ဒီနေ့ကအဝင် မနက်ဖြန်က အထွက်ဗျ၊ မနေ့ကတော့ အလှူသီချင်းတွေ ဖွင့်ပြီး ကြက်သွန်သင်(ခွာ)နေကြတာ၊ အဲ့အလှူလုပ်မယ့် အိမ်ပါ မီးထဲပါသွားတာ။”လို့ သူက ဆက်ပြောပါတယ်။
ပျဥ်ထောင်ရွာနဲ့ မီးရှို့ခံခဲ့ရတဲ့ ရွှေကူတဲစုကျေးရွာဟာ ၁ မိုင်ခန့်သာ ကွာဝေးပြီး ပျူစောထီးတပ်ဖွဲ့ဝင်တွေနဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ ရွာထဲက နေအိမ် ၁၃ လုံးကို ၃ နာရီကြာ မီးရှို့ဖျက်ဆီးပြီးနောက် မနက် ၇ နာရီမှာ ပျဥ်ထောင်ရွာဘက်သို့ ပြန်ထွက်ခွာသွားတယ်လို့ ဆိုပါတယ်။
အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ရွှေကူတဲစုကျေးရွာဟာ မီးရှို့ဖျက်ဆီးခံရတာ ၄ ကြိမ်မြောက်ရှိပြီဖြစ်ပြီး ၂၀၂၂ မေလကလည်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဝင်ရောက်မီးရှို့ခဲ့လို့ နေအိမ် ၆ လုံးပျက်စီးခဲ့သေးတယ်လို့ ခင်ဦးမြို့နယ်သတင်းမှန်ပြန်ကြားရေးရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။
ပုံစာ - ဇန်နဝါရီ ၁၇ ရက်နေ့ ဒီကနေ့ မနက်က မီးရှို့ဖျက်စီးခံလိုက်ရတဲ့ ရွှေကူတဲစုရွာက နေအိမ်များ
ဓါတ်ပုံ - ခင်ဦးသတင်းမှန်ပြန်ကြားရေး။
သတင်း - ခေတ်သဒ္ဒါ၊ စာတည်း - ချယ်ရီ
#မြေလတ်အသံ
#ခင်ဦး #အလှူပွဲ #မီးရှို့ #စစ်ကောင်စီ #ပျူစောထီး
Share Share Share