"အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး" (ရုပ်/သံ)

မတရားအကျဉ်းချခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို စစ်ကောင်စီက ဆေးကုမပေးတာ၊ ဆေးဝါးလုံလောက်မှုမရှိတာနဲ့ ပြင်ပဆေးခန်းတွေမှာ ဆေးကုခွင့်မရတာတွေကြောင့် အကျဉ်းသားတွေ အသက်ဆုံးရှုံးနေပါတယ်။

အဲ့ဒီအတွက် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဥ်းသားများကွန်ရက်က ဦးဆောင်ပြီး ဒီဇင်ဘာ ၁ရက်မှာ "အသက်တွေကို ပိတ်မထားနဲ့ဖွင့်ပေး" ဆိုတဲ့ လှုပ်ရှားမှုတခုကို မိတ်ဘက်အဖွဲ့အစည်းတွေနဲ့ ပြည်သူလူထုတွေက ပူးပေါင်းပါဝင်လှုပ်ရှားခဲ့ကြပါတယ်။

ဒီဖြစ်စဥ်တွေဟာ လူ့အခွင့်အရေးအပြည့်အဝမရှိတာအပြင် အကျဉ်းသားအခွင့်အရေးတွေကိုပါ ချိုးဖောက်ခံနေကြရတာဖြစ်ပြီး ဒီလိုအခြေအနေတွေကို မြန်မာပြည်သူတွေအပါအဝင် ကုလသမဂ္ဂအဖွဲ့အစည်းကိုပါ သိစေချင်တယ်လို့ နိုင်ငံရေးအကျဥ်းသားတွေကပြောပါတယ်။

ဒီလို လူအခွင့်အရေးရော အကျဉ်းသားအခွင့်အရေးပါ ချိုးဖောက်ခံနေရတာတွေကို ICRCအပါအဝင် လူ့အခွင့်အရေးလှုပ်ရှားနေကြတဲ့ အဖွဲ့အစည်းတွေအနေနဲ့ အတတ်နိုင်ဆုံး စစ်ကောင်စီနဲ့ အကျဉ်းဦးစီးဌာနကို ဖိအားပေးကြဖို့ တောင်းဆိုထားပါတယ်။

တည်းဖြတ် - ဇို

#မြေလတ်အသံ

#အကျဉ်းထောင် #မြန်မာနိုင်ငံ #သတင်း #ဆေးဝါး #လူ့အခွင့်အရေး #အကျဉ်းသားအခွင့်အရေး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10