အသက်မပြည့်သေးတဲ့ မိန်းကလေးကို ပထွေးဖြစ်သူက ခြိမ်းခြောက် သားမယားပြုကျင့်

အသက်မပြည့်သေးတဲ့ မိန်းကလေးကို ပထွေးဖြစ်သူက ခြိမ်းခြောက် သားမယားပြုကျင့်

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့နယ်၊ ပိတ္တောကျေးရွာမှာ အသက်မပြည့်သေးတဲ့ ကလေးငယ်ကို ပထွေးဖြစ်သူက ခြိမ်းခြောက်ပြီး သားမယားပြုကျင့်မှု ၄ ကြိမ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဩဂုတ် ၃၁ ရက်နဲ့ စက်တင်ဘာ ၁ ရက်မှာ ပိတ္တောရွာနေ ပထွေးဖြစ်သူ အသက် ၃၄ နှစ်အရွယ် တင်မျိူးထွန်းက မယားပါသမီးဖြစ်သူ အသက် ၁၅ အရွယ် မိန်းကလေးငယ်ကို နေအိမ်မှာ မိခင်မရှိချိန် အလိုမတူဘဲ ခြိမ်းခြောက်ကာ သားမယားအဖြစ်ပြုကျင့်ခဲ့တာလို့ ဆိုပါတယ်။

"သူ့အမေက မနက်ဆို ဒေသအလုပ်ကောက်စိုက်တာသွားတယ်။ အိမ်မှာ ကလေးနဲ့ သူ့ပထွေးနဲ့ ကျန်ခဲ့ချိန်မှာ ပထွေးဖြစ်သူက ကြံတာပါ။ ခုအများသိတာကလည်း ဘေးလူတွေကမြင်လို့ သိရတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ပထွေးဖြစ်သူက ကလေးငယ်ကို သားမယားပြုကျင့်ချိန် အော်ဟစ်ရင်၊ အမေဖြစ်သူကို ပြန်တိုင်ပြောရင် သတ်ပစ်မယ်ဆိုပြီး ခြိမ်းခြောက်တာတွေရှိတယ်လို့ ကလေးငယ်ရဲ့  ပြန်ပြောပြချက်အရ သိရတယ်လို့ ဆိုပါတယ်။

အသက်မပြည့်သေးတဲ့ မိန်းကလေးကို ပထွေးက သားမယားပြုကျင့်တာကို ဘေးလူတွေပြောပြချက်အရ မိခင်ဖြစ်သူက သိရတာကြောင့် ရဲစခန်းတိုင် အမှုဖွင့်ထားလို့ ပထွေးဖြစ်သူကို ရဲကဖမ်းသွားတယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ အသက်မပြည့်သေးတဲ့ ကလေးငယ်ကို အလိုမတူဘဲ ခြိမ်းခြောက်ပြီး သားမယားအဖြစ် ပြုကျင့်သူကို ရွှေဘိုမြို့မရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #ရွှေဘိုမြို့နယ် #ပိတ္တောကျေးရွာ #အသက်မပြည့် #မိန်းကလေး #ပထွေး #အဓမ္မပြုကျင့် #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10