အသက်အန္တရာယ်ကင်းရေး သီပေါဘိုးဘိုးကြီးနတ်နန်းမှာ ဆုတောင်းနေရတဲ့ ရှမ်းမြောက်က တပ်ရင်းတွေ

ရှမ်းပြည်နယ်မြောက်ပိုင်း၊ သီပေါမြို့နယ်၊ တုံစင့်ရွာရှိ ဘိုးဘိုးကြီးနတ်နန်းမှာ စစ်ကောင်စီတပ်သားတွေ အသက်အန္တရာယ်ကင်းရှင်းရေးအတွက် ပွဲထိုးဆုတောင်းမှုတွေ လုပ်နေကြတယ်လို့ တပ်မိသားစုတွေဆီက သိရပါတယ်။

ညီနောင်မဟာမိတ်အဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေးအတွင်းမှာ စစ်တပ်ရဲ့ စစ်စခန်းတွေ တခုပြီးတခု ကျဆုံးပြီး တပ်သားတွေလည်း အသေအပျောက်နဲ့ ဖမ်းဆီးခံရတာတွေ များနေတာကြောင့် တပ်မိသားစု၀င်တွေဟာ သီပေါမြို့နယ် တုံစင့်ကျေးရွာ နမ္မတူ-နမ့်ဆန်သွား ကားလမ်းဘေးရှိ တုံစင့်ဘိုးဘိုးကြီးနတ်နန်းမှာ အုန်းပွဲ၊ ငှက် ပျောပွဲထိုးကာ ဆုတောင်းယတြာချေမှုတွေ ဆက်တိုက်ဆိုသလို လုပ်ဆောင်နေကြတယ်လို့ တပ်မိသားစု၀င်ထံက သိရပါတယ်။

တုံစင့်ဘိုးဘိုးကြီးနတ်နန်းမှာ အောက်တိုဘာ ၂၉ ရက်ကစပြီး ဒီနေ့အထိ စစ်ကောင်စီ ခမရ ၅၀၂ တပ်ရင်းအတွက်၊ ခမရ ၅၀၃ တပ်ရင်းမှူးနဲ့ အရာရှိ၊ အရာခံ၊ အကြပ်စစ်သည်တွေအားလုံး နောက်တန်းမိသားစု၀င်တွေအတွက်၊ ကွတ်ခိုင်တပ်ရင်း ၄၅ မိသားစုအတွက် ဗိုလ်ကြီးနိုင်ဖြိုးလင်း မိသားစုအတွက် စသဖြင့် ရည်ရွယ်ချက်အသီးသီးနဲ့ အသက်အန္တရာယ်ဘေးကင်းရေးဆိုပြီး နတ်နန်းမှာ တပ်မိသားစုနဲ့ တပ်အသိုင်းအဝိုင်းတွေက လာရောက်ပွဲထိုး ဆုတောင်းယတြာချေနေကြတာကို  သတင်းဓာတ်ပုံတွေအရ သိရပါတယ်။

ရှမ်းပြည်နယ်(မြောက်ပိုင်း)မှာ စစ်ဆင်ရေးဝင်နေရတဲ့ နောင်ချိုအခြေစိုက် အမှတ် ၁ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် လက်အောက်ခံတပ်ရင်းတွေဖြစ်တဲ့ ကျောက်မဲမြို့အခြေစိုက် ခမရ ၅၀၂၊ သီပေါမြို့အခြေစိုက် ခမရ ၅၀၃၊ ခမရ ၅၀၄နဲ့ ကွတ်ခိုက်အခြေစိုက် ခလရ ၄၅ တပ်ရင်းတွေက တပ်မိသားစုဝင်တွေ သီပေါဘိုးဘိုးကြီးနတ်နန်းမှာ ဆုတောင်းပွဲပြုလုပ်နေတာပါ။

စာတည်း-လင်းဇေ တည်းဖြတ်- ဟယ်ရီ

#မြေလတ်အသံ

#ရှမ်းပြည်နယ် #သီပေါမြို့နယ် #တုံစင့်ရွာ #ဘိုးဘိုးကြီးနတ်နန်း #စစ်ကောင်စီ #ယတြာချေ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10