အသက် ၇၀ အရွယ်အမျိုးသား ၁ ဦးကို စစ်တပ်က မီးရှို့သတ်ခဲ့

အသက် ၇၀ အရွယ်အမျိုးသား ၁ ဦးကို စစ်တပ်က မီးရှို့သတ်ခဲ့

ပဲခူးတိုင်း၊ ထန်းတပင်မြို့နယ်၊ ဂွေးကုန်းကျေးရွာက အသက် ၇၀ အရွယ်အမျိုးသား ၁ ဦးကို စစ်တပ်က မီးရှို့သတ်ခဲ့တယ်လို့ မတ် ၂၁ ရက်မှာ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မတ် ၁၈ ရက်မှာ အင်အား ၇၀ ကျော်ပါ စစ်ကောင်စီစစ်ကြောင်းဟာ ဂွေးကုန်းရွာထဲကို ဝင်ရောက်ပြီး နေအိမ်မှာထွက်မပြေးနိုင်တဲ့ အသက် ၇၀ အရွယ် ဦးတင်ဆောင်ကို ဖမ်းဆီးကာ ကြိုးတုပ်ခေါ်ဆောင်ပြီး ရွာထဲမှာပဲ ဓာတ်ဆီလောင်းမီးရှို့ခဲ့တာလို့ ဆိုပါတယ်။

"အဲနေ့က စစ်ကြောင်းဝင်လာလို့ ရွာကလူတွေပြေးကြတယ်။ စစ်ကြောင်းပြန်ထွက်သွားလို့ ဒေသခံအချို့ရွာပြန်ရောက်မှာ သူ့ကိုမီးလောင်လျက်သေဆုံးနေတာတွေ့ရတယ်"လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တဦးက ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်းဟာ ဦးတင်ဆောင်တဦးတည်းကိုသာ ဖမ်းဆီးသတ်ဖြတ်ပြီး နေအိမ်တွေကို တော့ မီးရှို့ဖျက်ဆီးတာမျိုးမလုပ်ဘဲ ပြန်ထွက်သွားတယ်လို့ ဆိုပါတယ်။

စစ်ကြောင်းပြန်ထွက်သွားပေမယ့် ဂွေးကုန်းကျေးရွာထဲကို ဒေသခံအားလုံးမပြန်ရဲသေးဘဲ ဒီနေ့အထိ အခြေနေစောင့်ကြည့်နေကြတယ်လို့ အထက်ပါကာကွယ်ရေးတပ်ဖွဲ့ဝင်က ပြောပါတယ်။ 

မတ် ၈ ရက်ကလည်း ထန်းတပင်မြို့နယ်၊ လမင်းသာကျေးရွာဘက်ကို စစ်ကောင်စီတပ်ဘက်က လက်နက်ကြီးနဲ့ပစ်ခတ်ခဲ့လို့ အသက် ၆၅ နှစ်အရွယ် ဦးသန်းမြင့် ဆိုသူ လက်နက်ကြီးထိမှန် သေဆုံးခဲ့ပါသေးတယ်။ 

စစ်အာဏာသိမ်းချိန်ကနေ ၂၀၂၄၊ မတ် ၂၀ ရက်အထိ စစ်ကောင်စီတပ်တွေနဲ့ လက်ပါးစေတွေကြောင့် သေဆုံးခဲ့ရတဲ့ပြည်သူ ၄၇၅၂ ဦးရှိပြီလို့ နိုင်ငံရေးအကျဥ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း - AAPP က ထုတ်ပြန်ထားပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#ပဲခူး #ထန်းတပင် #ဒေသခံ #သက်ကြီးရွယ်အို #သတ်ဖြတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10