အသေဆိုးနဲ့ မသေချင်ရင် ကိုယ့်ဟာကိုပဲ တပ်က ထွက်ကြပါ (ရုပ်/သံ)
မကွေးတိုင်း၊ PDF စိုးမိုးနယ်မြေအတွင်းမှာ ထောက်လှမ်းရေး လာလုပ်နေရင်း အဖမ်းခံရတဲ့ ပခုက္ကူတပ်မ ၁၀၁ လက်အောက်ခံ ခလရ ၂၅၄ စလင်းတပ်က ဒု အရာခံ ဗိုလ်မြလွင်ဟာ အထက်က စေခိုင်းချက်အရ PDF တွေ တကယ်ရှိ၊ မရှိ လာရောက်ထောက်လှမ်းခဲ့တာလို့ ဆိုပြီး အထက်ကအမိန့်ဖြစ်လို့ မငြင်းဆန်နိုင်ဘူးလို့ ဆိုပါတယ်။
ပခုက္ကူမြို့နယ်ထဲက ဘုန်းကံဘုန်းကြီးကျောင်းမှာ တပ်စွဲနေရင်း မကွေးတိုင်းထဲက PDF စိုးမိုးနယ်မြေအတွင်းမှာ ထောက်လှမ်းရေးအတွက် ကွင်းဆင်းနေရာ PDF ၂ ဖွဲ့ကပူးပေါင်းပြီး ဧပြီလ ၆ ရက် ညနေပိုင်းမှာ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အသက်က ၅၆ နှစ်အရွယ် ဒုအရာခံဗိုလ်ဟာ စစ်တပ်ကနေ ထွက်စာတင်ထားတာ နှစ် ၂၀ ကျော်ရှိနေပြီး ထွက်ခွင့်မရဘဲ အခုလိုတာဝန်ထမ်းဆောင်နေချိန် ဖမ်းခံရတာဖြစ်ပါတယ်။
အောက်ခြေစစ်သားတွေနဲ့ သူတို့မိသားစုတွေရဲ့ လက်ရှိတပ်တွင်း ကြုံတွေ့နေကြတဲ့ အခြေအနေတွေကိုပါ သူက ဖွင့်ဟပြောဆိုထားပါတယ်။
အင်တာဗျူး အပြည့်အစုံကို မြေလတ်အသံက တင်ဆက်ထားပါတယ်။
တည်းဖြတ် - ငြိမ်းဇော်
#မြေလတ်အသံ
Share
Share
Share