အသံတိတ်သပိတ်နေ့မှာ ဓာတ်ပုံရိုက်သူ အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

အသံတိတ်သပိတ်နေ့မှာ ဓာတ်ပုံရိုက်သူ အမျိုးသား ၁ ဦး ဖမ်းဆီးခံရ

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ပေါ်မှာ Silent Strike ပြုလုပ်နေချိန် မနက် ၁၁ နာရီလောက်မှာ လမ်းပေါ်ထွက်ပြီး ဓာတ်ပုံတွေရိုက်နေတဲ့ အမျိုးသား ၁ ဦး ဖမ်းဆီးခံလိုက်ရတယ်လို့ သိရပါတယ်။

အဖမ်းခံရသူမှာ အောင်ချမ်းသာရပ်ကွက်နေ အသက် ၄၀ အရွယ် ဦးလှအောင် ဖြစ်ပြီး သူက လမ်းပေါ်ထွက်ကာ ဓာတ်ပုံရိုက်နေချိန် ကင်းလှည့်နေတဲ့ စစ်အုပ်စုက ဖမ်းဆီးသွားတာ ဖြစ်တယ်လို့ Indaw Revolution-IR မှ တာဝန်ရှိသူတဦးက ပြောပါတယ်။

"သူက Silent Strike ပုံတွေကို မှတ်တမ်းရိုက်နေတဲ့အချိန်မှာ မြို့ကိုပတ်ပြီး ကင်းလှည့်နေတဲ့ ရဲနဲ့စကစတွေက ဖမ်းသွားတာ။ သူနေတဲ့ အောင်ချမ်းသာရပ်ကွက်က မန္တလေး-မြစ်ကြီးနား လမ်းမပေါ်မှာ ရှိတာဗျ" လို့ ဆိုပါတယ်။

ဖေဖော်ဝါရီ ၁ ရက် ဒီကနေ့မှာ အင်းတော်မြို့ပေါ်က ပြည်သူတွေအနေနဲ့ Silent Strike ပြုလုပ်နေကြချိန်  စစ်ကောင်စီလက်အောက်ခံ ရဲတွေက ​လမ်းဆုံ၊ လမ်းထောင့်တွေမှာ ကင်းပုန်းတွေ ဝပ်နေကြတဲ့အပြင်  ပိတ်ထားတဲ့ ဈေးဆိုင်တွေကိုလည်း သေနတ်တွေနဲ့ ပစ်ခတ်ခြိမ်းခြောက်ပြီး အတင်းဖွင့်ခိုင်းခဲ့တယ်လို့ သိရပါတယ်။

အလားတူ ပြည်မြို့မှာလည်း ပြည်သူလူထုတွေက Silent Strike ပြုလုပ်နေချိန် စစ်ကောင်စီလက်အောက်ခံ ရဲတပ်သားတွေက ပိတ်ထားတဲ့ ဆိုင်အချို့ကို လိုက်လံမှတ်တမ်းယူနေတာတွေ လုပ်ဆောင်ခဲ့တယ်လို့ ဒေသခံတွေက မြေလတ်အသံကို ပြောဆိုထားပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10