အသံတိတ်သပိတ်နေ့ ပဲခူးမြို့ပေါ် လူစည်ကားရေး စစ်ကောင်စီနည်းလမ်းပေါင်းစုံသုံး

အသံတိတ်သပိတ်နေ့ ပဲခူးမြို့ပေါ် လူစည်ကားရေး စစ်ကောင်စီနည်းလမ်းပေါင်းစုံသုံး

 

ပဲခူးမြို့လယ်ခေါင် ရွှေမော်ဓောဘုရားဝန်းကျင်မှာ လူစည်ကားရေး စစ်ကောင်စီက နည်းလမ်းပေါင်းစုံသုံးပြီး လုပ်ဆောင်နေတယ်လို့ မြို့ခံတွေကဆီက သိရပါတယ်။

ပုံစာ - ပဲခူးမြို့ယမန်နေ့မြင်ကွင်းနှင့် ဆိုင်ရှင်များကို စစ်ကောင်စီက ခံဝန်ကတိထိုးခိုင်းခဲ့သည့်မှတ်တမ်း။

 

ယနေ့ ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းတာ ၂ နှစ်ပြည့်အဖြစ် အသံတိတ်သပိတ်နဲ့ အပြင်မထွက်ရေး လှုပ်ရေးမှုတွေကို မဖြစ်မြောက်ရေး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ရွှေမော်ဓောဘုရား မုဒ်ဦးပေါက်တွေမှာ မာရသွန်ပြေးပွဲလုပ်တာ၊ ထမင်းဟင်းဈေးလျော့ရောင်းတာတွေ လုပ်နေတယ်လို့ မြို့ခံတဦးက ဆိုပါတယ်။

"တောင်ဘက်မုဒ်မှာ ထမင်းဟင်းတပွဲ ငါးရာဆိုပြီး ရောင်းတယ်။ အရှေ့ဘက်မုဒ်အတက်လမ်းမှာက ရဲအယောက် နှစ်ဆယ်လောက်နဲ့ ကားရပ်ပြီး မာရသွန်ပြေးတဲ့သူတွေကို ထမင်းဗူးတွေဝေဖို့ လုပ်နေတယ်။ ဗူးနှစ်ရာလောက် ရှိတယ်။ လူတွေအုံလာရင် ဓါတ်ပုံရိုက်ဖို့ဆိုပြီး ကင်မရာသမားတွေပါ ပါတယ်" လို့ မြို့ခံတဦးက ဆိုပါတယ်။

ပုံစာ - ပဲခူးမြို့ယမန်နေ့မြင်ကွင်းနှင့် ဆိုင်ရှင်များကို စစ်ကောင်စီက ခံဝန်ကတိထိုးခိုင်းခဲ့သည့်မှတ်တမ်း။

 

အလားတူ ကျောက်ကြီးစု ရပ်ကွက်မှာလည်း ၁ ယောက် ငွေ ၁ ထောင်ကျပ်ပေးကာ ဆေးရုံရှေ့ လမ်းပေါ် နံနက် ၁၀ နာရီမှာ ဟင်းလာဝယ်ခိုင်းနေတယ်လို့ ဆက်ပြောပါတယ်။

ယမန်နေ့ကလည်း ပဲခူးမြို့ပေါ်ဈေးတွေနဲ့ ဆိုင်တွေကို မပိတ်ဖို့နဲ့ ပိတ်လျှင် အရေးယူတာတွေ လုပ်မယ်ဆိုတာကို ဆိုင်ရှင်တွေကို ခံဝန်ကတိထိုးခိုင်းတာ၊ အသံချဲ့စက်နဲ့ လမ်းပေါ်မှာ သတိပေးကြေညာနေတာတွေကို လုပ်ခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10