အာဇာနည်နေ့မှာ အနက်ရောင်ဖဲကြိုးပြားချိတ်ဆွဲတဲ့ အမျိုးသမီးနိုင်၊ကျဉ်း ၁၅ ဦီး တိုက်ပိတ်ခံထားရ

အာဇာနည်နေ့မှာ အနက်ရောင်ဖဲကြိုးပြားချိတ်ဆွဲတဲ့ အမျိုးသမီးနိုင်၊ကျဉ်း ၁၅ ဦီး တိုက်ပိတ်ခံထားရ

ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်မှာ အမျိုးသမီးနိုင်‌ငံရေးအကျဉ်းသူ ၁၅ ဦီး ဇူလိုင် ၁၉ ရက်ကစလို့ သြဂုတ်လ ၂ ရက် ဒီနေ့အထိ တိုက်ပိတ်ခံထားရတယ်လို့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆီက သိရပါတယ်။

ဇူလိုင်လ ၁၉ ရက်မှာ ကျရောက်တဲ့ အာဇာနည်နေ့ အထိမ်းအမှတ်အနေနဲ့ ရင်ဘတ်မှာ ဖဲကြိုးပြားအနက်ရောင်ချိတ်ဆွဲခဲ့တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ တိုက်အမှတ် ၂၀ မှာ တဦးချင်းစီ တိုက်ပိတ်ခံထားရတာဖြစ်တယ်လို့ ဆိုပါတယ်။

“တိုက်ပိတ်ထားတာကို လျှို့ဝှက်ထားတာပေါ့။ မနေ့ (သြဂုတ် ၁)ကမှ သိရတာ၊ ပါဆယ်လည်း အပိတ်ခံထားရတယ်၊ ရိုက်နှက်ခံထားရတာတော့ရှိတယ်။ ဒါကတော့ တိုက်တွင်းမှာ ဖြစ်တဲ့ကိစ္စတွေပေါ့။ အဲ့ကိစ္စနဲ့ပတ်သက်ပြီးလည်း ထောင်ဝဈေးဘားတွေကို ဘွိုင်းကော့လုပ်နေကြတယ်။ တခုခုဆိုရင် အမျိုးသမီးဆောင်ကို ယောက်ျားဝန်ထမ်းတွေပါ ဝင်ရိုက်လေ့ရှိတယ်”လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်းသားများကွန်ရက် တာဝန်ခံ ကိုသိုက်ထွန်းဦးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ပိတ်ခံရသူတွေဟာ မနှင်းလဲ့နန္ဒာလွင်၊ မရွှန်းအိဖြူ၊ မနီလာစိမ်း၊ မဆုရည်ပိုင်၊ မဝတ်ရည်လွင်၊ မအေးသီတာကျော်၊ မရီရီဆွေ၊ မလွင်လွင်ညွန့်(ခ)အားဂျာ‌၊ မစန္ဒီညွန့်ဝင်း၊ မအေးသက်စံ၊ မရွှေရည်ညွှန့်(ခ)သဲသဲ၊ မယမင်းထက်၊ မမျိုးသန္တာထွန်း၊ မမိုးမြတ်သဇင်၊ ထူးထက်ထက်ဝေတို့ဖြစ်ပြီး ၎င်းတို့ဟာ နိုင်ငံရေးပုဒ်မအမျိုးမျိုးနဲ့ ထောင်ဒဏ် ၃ နှစ်ကနေ တသက်ထိ ချမှတ်ခံထားရတဲ့သူတွေလည်း ဖြစ်ပါတယ်။

သာယာဝတီထောင်ထဲက အမျိုးသမီးနိုင်ငံရေးအကျဉ်းသူတွေအပေါ်  ဒု-ကြီးကြပ်ရေးမှူး ဒေါ်ဝင့်ဝါချို ဦးဆောင်ကာ ဖိနှ်ိပ်တာတွေလုပ်ဆောင်နေပြီး အမျိုးသမီးဆောင်အတွင်းကို ထောင်ဝန်ထမ်းအမျိုးသားတွေပါ ဝင်ရောက်ရိုက်နှက်တာတွေ လုပ်ဆောင်လေ့ရှိတယ်လို့ သိရပါတယ်။

ယမန်နေ့ ဩဂုတ်လ ၁ ရက်က စစ်ကောင်စီဘက်ကနေ အကျဉ်းသား ၇၇၄၉ ဦးကို လွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးတယ်လို့ထုတ်ပြန်ခဲ့ပြီး နိုင်ငံတဝှမ်း နိုင်ငံရေးအကျဉ်း သား ၁၄၂ ဦးသာ ပါဝင်ခဲ့ကာ သာယာဝတီထောင်က ၂၉ ဦိး ပါဝင်တယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #သာယာဝတီထောင် #နိုင်ကျဉ်း #အမျိုးသမီး #တိုက်ပိတ်ခံရ #စစ်အာဏာရှင် #ဆန့်ကျင်မှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10