အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှု ကလေးမှာ ပြုလုပ်

အာဇာနည်နေ့အကြို လူထုလှုပ်ရှားမှု ကလေးမှာ ပြုလုပ်

စစ်ကိုင်းတိုင်း၊ ကလေးမြို့အတွင်းမှာ အာဇာနည်အကြို လူထုလှုပ်ရှားမှုကို သပိတ်ဦးဆောင် ကော်မတီအဖွဲ့ဝင်တွေနဲ့ ဒေသခံတွေပူးပေါင်းပြီး ဇူလိုင်လ ၁၈ ရက် ဒီညနေပိုင်းမှာ ပြုလုပ်ခဲ့ပါတယ်။ 

ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက ဦးဆောင်ကာ ဇူလိုင်လ ၁၉ ရက်မနက်ဖြန်မှာ ကျရောက်မယ့် ၇၇ နှစ်မြောက် အာဇာနည်နေ့အတွက် အကြိုသပိတ်လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာပါ။ 

လှုပ်ရှားမှုတွေအတွင်း အာဇာနည် ၉ ဦးအပြင် ခေတ်အဆက်ဆက်ကျဆုံးခဲ့တဲ့ အာဇာနည်သူရဲကောင်းတွေ၊ နွေဦးတော်လှန်ရေးမှာ အသက်ပေးခဲ့ရတဲ့ ရဲဘော်တွေနဲ့ လက်ရှိအချိန်ထိ ပါဝင်နေတဲ့ ရဲဘော်တွေ၊ CDM ဝန်ထမ်းတွေကိုလည်း အလေးပြုခြင်းအခမ်းအနားကိုပါ ပြုလုပ်ခဲ့တယ်လို့ ကလေးမြို့လူထုတိုက်ပွဲ ဦးဆောင်ကော်မတီနဲ့ နီးစပ်သူတဦးဆီက သိရပါတယ်။ 

#မြေလတ်အသံ

#စစ်ကိုင်း #ကလေး #အာဇာနည်နေ့ #အကြိုသပိတ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10