အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် မြောင်၊ ကျောက်ရစ်ရဲစခန်းကို ရှော့တိုက်ဒုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ် မြောင်၊ ကျောက်ရစ်ရဲစခန်းကို ရှော့တိုက်ဒုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ စစ်ကောင်စီအထိုင်ချထားတဲ့ ကျောက်ရစ်ကျေးရွာ နယ်မြေရဲစခန်းကို ဇူလိုင် ၁၉ ရက် မနက် ၉နာရီကျော်မှာ ရှော့တိုက်ဒုံး ၂လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Bagan Ogre Forceကပြောပါတယ်။

စစ်ကောင်စီတပ်နဲ့ ရဲတပ်ဖွဲ့ဝင်အင်အား ၁၀၀ ကျော်ရှိတဲ့ အဲ့ဒီရဲစခန်းကို ယနေ့ မှာကျရောက်တဲ့ ၇၆ ကြိမ်မြောက် အာဇာနည်နေ့ ဝမ်းနည်းခြင်းအထိမ်းအမှတ်အနေနဲ့ အခုလိုတိုက်ခိုက်ခဲ့တာဖြစ်ပြီး ထိခိုက်မှုကို မသိရသေးဘူးလို့ ဆိုပါတယ်။

" ၂လုံးမှာ တလုံးက စခန်းထဲကွက်တိကျသွားပြီးတော့ နောက်တလုံးက စခန်းဘေးကျသွားတယ်။ သေဆုံး၊ ဒဏ်ရာရစာရင်းကို မသိရသေးဘူး ။ ကျနော်တို့က မီတာ ၂၀၀အကွာကနေ ပစ်ခတ်ခဲ့တာ" လို့ Bagan Ogre Force မှတာဝန်ရှိသူက မြေလတ်အသံကို ပြောပါတယ်။

ရှော့တိုက်ဒုံးနဲ့ တိုက်ခိုက်ခံရပြီးနောက် စခန်းထဲက စစ်ကောင်စီတပ်သားတွေက လက်နက်ငယ်တွေနဲ့ ၈ မိနစ်ခန့် ပစ်ခတ်ခဲ့ပေမယ့် Bagan Ogre Forceမှရဲဘော်တွေ အထိအခိုက်မရှိ ပြန်ဆုတ်လာနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇွန်လ ၁၆ ရက် မှာလည်း အဲ့ဒီကျောက်ရစ်ရဲစခန်းမှာ မွေးနေ့ပွဲကျင်းပနေတာကို Myaung Special Drone Force  (MSPDF) တပ်ဖွဲ့နဲ့ CHU PDF တပ်ဖွဲ့တို့နဲ့ ပူးပေါင်းအဖွဲ့တို့က ဒရုန်း ၂စီး နဲ့ အီနာဂါဗုံးသီး ၃ လုံးချ တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#စစ်ကိုင်း #မြောင် #ရဲစခန်း #တိုက်ခိုက်ခံရ #ရှော့တိုက်ဒုံး #PDF

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10