အာဏာပြန်သိမ်းခံရကြောင်းသတင်းမှာ ကောလာဟလများသာဖြစ်ပြီး စစ်ခေါင်းဆောင်များ တက်ညီလက်ညီတာဝန်ထမ်းဆောင်လျက်ရှိတယ်လို့ စစ်ကောင်စီဖြေရှင်း

အာဏာပြန်သိမ်းခံရကြောင်းသတင်းမှာ ကောလာဟလများသာဖြစ်ပြီး စစ်ခေါင်းဆောင်များ တက်ညီလက်ညီတာဝန်ထမ်းဆောင်လျက်ရှိတယ်လို့ စစ်ကောင်စီဖြေရှင်း

စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်အောက်စစ်ဗိုလ်ချုပ်များမှ ဖမ်းဆီးကာ အာဏာပြန်သိမ်းခံရကြောင်း သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်ခဲ့တဲ့အပေါ် ကောလာဟလတွေသာဖြစ်တယ်လို့ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြန်လည်ပြောဆိုလိုက်ပါတယ်။

အဆိုပါသတင်းတွေ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာနဲ့ ပတ်သက်ပြီး စစ်ကောင်စီအာဘော်အတိုင်းဖော်ပြနေတဲ့ သတင်းမီဒီယာတခုကနေ စစ်ကောင်စီသတင်းမှန်ပြန်ကြားရေးအဖွဲ့ကို ဒီနေ့ ဩဂုတ် ၁၄ ရက် မနက်ပိုင်းက မေးမြန်းရာမှာ အခုလိုဖြေကြားခဲ့တာ ဖြစ်ပါတယ်။

“ နိုင်ငံတော်အကြီးအကဲနှင့် တာဝန်ရှိသူများအနေဖြင့် နိုင်ငံ့တာဝန်များကို တက်ညီလက်ညီ ကျေပွန်စွာထမ်းဆောင်လျက်ရှိပါကြောင်း” လို့ စစ်ကောင်စီသတင်းထုတ်ပြန်ရေးအဖွဲ့က ပြန်လည်ဖြေရှင်း ပြောဆိုထားပါတယ်။

ဩဂုတ် ၁၂ ရက် မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို လက်အောက် စစ်ဗိုလ်ချုပ်တချို့က အာဏာပြန်သိမ်းရန် ကြံစည်ခဲ့သော်လည်း မအောင်မြင်ခဲ့ကြောင်း၊ ဩဂုတ် ၁၃ ရက်မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို ရေတပ်ချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မိုးအောင် ဦးဆောင်တဲ့ စစ်ဗိုလ်ချုပ်တချို့က ဖမ်းဆီးထိန်းသိမ်းကာ အာဏာပြန်သိမ်းခဲ့ကြောင်း စတဲ့သတင်းတွေ လူမှုကွန်ယက်မှာ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်ပျံ့နှံ့ခဲ့တာ ဖြစ်ပါတယ်။

#မြေလတ်အသံ

#စစ်တပ် #အာဏာသိမ်း #မင်းအောင်လှိုင် #မိုးအောင် #အောင်လင်းဒွေး 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10