အာဏာရှိတဲ့ဘယ်သူမဆို လူ့အခွင့်အရေးချိုးဖောက်နေရင် တိုင်ကြားဖို့ ဟောပြော

အာဏာရှိတဲ့ဘယ်သူမဆို လူ့အခွင့်အရေးချိုးဖောက်နေရင် တိုင်ကြားဖို့ ဟောပြော

စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်ရှိ လူထုအခြေပြုစာသင်ကျောင်းတခုမှာ အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေးနေ့အခမ်းအနားကို ဒီဇင်ဘာ ၉ ရက် ဒီနေ့မှာ ကျင်းပခဲ့ပါတယ်။

လူ့အခွင့်အရေးအယူအဆ အခြေခံသဘောတရားနဲ့ စစ်ကောင်စီတပ်က ကျူးလွန်နေတဲ့ လူ့အခွင့်အရေးချိုး‌ဖောက်မှုတွေအကြောင်းကို ဆွေးနွေးဟောပြောခဲ့တယ်လို့ အရာတော်မြို့နယ် လူ့အခွင့်အရေးတာဝန်ခံက ဆိုပါတယ်။ 

"ဒီလှုပ်ရှားမှုကိုတော့ ကျောင်းသူ/ကျောင်းသားတွေနဲ့ ဒေသခံတွေနဲ့အတူ ပြုလုပ်ခဲ့ပါတယ်။ လူ့အခွင့်အရေးစံနှုန်းတွေကို ဒီလိုမျိုး ပြည်သူတွေဆီ တိုက်ရိုက်အသိပညာပေးနိုင်ဖို့ ကျမတို့ ကြိုးစားနေပါတယ်။" လို့ အရာတော်မြို့နယ် လူ့အခွင့်အရေးတာဝန်ခံက ဆိုပါတယ်။

အပြည်ပြည်ဆိုင်ရာ လူအခွင့်အရေးနေ့အခမ်းအနားကို ဖိတ်ကြားထားတဲ့အဖွဲ့အစည်းတွေက တက်ရောက်လာတဲ့တာဝန်ရှိသူတွေက အမှတ်တရစကားပြောကြားခြင်း၊ လူ့အခွင့်အရေးကြေညာစာတမ်း သရုပ်ဖော်စာအုပ်များ ပေးဝေခြင်း၊ အမှတ်တရစာသားများ ရေးသားခြင်းနဲ့ ဧည့်ခံကျွေးမွေးခြင်းအစီအစဥ်များ ပြုလုပ်ခဲ့ပါတယ် ။ 

လက်နက်ကိုင်ပဋိပက္ခတွေကြားမှာ အာဏာရှိတဲ့ မည်သူတဦးတယောက်ကမဆို လူ့အခွင့်အရေးချိုးဖောက်မှုကို ကျူးလွန်နေရင် ငုံ့ခံနေစရာမလိုဘဲ တိုင်ကြားနိုင်ဖို့အချက်အလက်တွေကို မျှဝေခဲ့ပါတယ်လို့ အရာတော်မြို့နယ် လူ့အခွင့်အရေးတာဝန်ခံက ပြောပါတယ်။

သတင်း - ငြိမ်းချမ်းမေ၊ စာတည်း - JCG

#မြေလတ်အသံ

#အရာတော် #အပြည်ပြည်ဆိုင်ရာလူအခွင့်အရေးနေ့ #လူ့အခွင့်အရေး #ဟောပြောပွဲ 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10