အိမ်ခြံဝန်းထဲကနေပျောက်သွားတဲ့ ၃ နှစ်အရွယ် ကလေးတဦး ၃ ရက်ကြာအထိ ပြန်မတွေ့သေး

အိမ်ခြံဝန်းထဲကနေပျောက်သွားတဲ့ ၃ နှစ်အရွယ် ကလေးတဦး ၃ ရက်ကြာအထိ ပြန်မတွေ့သေး

ပဲခူးတိုင်းဒေသကြီး၊ ဒိုက်ဦးမြို့နယ်၊ ရှမ်းစုကျေးရွာအနောက်ပိုင်း နေအိမ်ခြံဝန်းထဲကနေ ပျောက်သွားတဲ့  ၃ နှစ်အရွယ် ကလေးငယ်တဦးကို ၃ ရက်ကြာသည်အထိ ပြန်မတွေ့သေးဘူးလို့ မိသားစုနဲ့နီးစပ်သူတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၅ နာရီခန့်မှာ ဦးအေးဇော်မြင့်၊ ဒေါ်နွယ်နွယ်စိုးတို့ရဲ့ သားဖြစ်သူ ၃ နှစ်အရွယ် မောင်ဇွဲမာန်သစ်ဟာ နေအိမ်ခြံဝန်းထဲမှာ ရှိနေရာကနေ ပျောက်ဆုံးသွားခဲ့တာပါ။

"ထမင်းစားဖို့ သူ့အမေက ထမင်းသွားထည့်နေချိန် ပြန်ထွက်လာတော့ကလေးက မရှိတော့ဘူး။ အနီးဝန်းကျင်လိုက်ရှာတာလည်း နှံ့နေပြီး ပြန်မတွေ့သေးဘူး။ ပျောက်နေတာ ဒီနေ့ပါဆို ၃ ရက်ရှိပြီ"လို့ မိသားစုနဲ့နီးစပ်သူတဦးက ပြောပါတယ်။

ကလေးငယ်ကို တစုံတယောက်က ခေါ်သွားနိုင်တယ်လို့ မိသားစုဝင်တွေက သုံးသပ်ကြပေမယ့် က​လေးမိသားစုဟာလည်း ကျေးရွာထဲမှာ သာမန်လက်လုပ်လက်စားတွေသာ ဖြစ်လို့ ရန်ငြှိုးရန်စမရှိဘူးလို့ ဆိုပါတယ်။

ပျောက်ဆုံးကလေးငယ်နဲ့ပတ်သက်ပြီး မိသားစုက လူမှုကွန်ယက်စာမျက်နှာကနေတဆင့် ပြည်သူတွေကို အကူအညီတောင်းထားပေမယ့် ယနေ့အချိန်ထိ ကလေးနဲ့ပတ်သက်ပြီး သတင်းအစအနတောင်မရသေးဘူးလို့ သိရပါတယ်။

ကလေးငယ်ကို တွေ့ရှိပါက တယ်လီဖုန်းနံပါတ် 09973052423, 09978320051, 09967361357, 09409549437 တို့ထံသို့ ဆက်သွယ်အကြောင်းကြားပေးကြရန်လည်း မိသားစုဝင်များက အကူအညီတောင်းခံထားကြပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#ပဲခူးတိုင်း #ဒိုက်ဦးမြို့နယ် #ကလေးသူငယ် #ပျောက်ဆုံးမှု #လူပျောက်ကြေညာ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10