အိမ်စီးကားနဲ့ ကင်းပတ်ပြန်တဲ့ ရဲအုပ်စု ပစ်ခတ်ခံရလို့ ဒုရဲအုပ် ၁ ဦးနဲ့ တပ်သား ၂ ဦး သေဆုံး

အိမ်စီးကားနဲ့ ကင်းပတ်ပြန်တဲ့ ရဲအုပ်စု ပစ်ခတ်ခံရလို့ ဒုရဲအုပ် ၁ ဦးနဲ့ တပ်သား ၂ ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ စက်မှုဇုန်အတွင်း ကင်းပတ်ပြန်လာတဲ့ ရဲတပ်ဖွဲ့ ၅ ဦးခန့်ပါ Alphart ကားကို ဇန်နဝါရီ  ၂ ရက် မနေ့ ညနေ ၄ နာရီဝန်းကျင်ခန့် မှာ စောင့်ဆိုင်းပစ်ခတ်ခဲ့တယ်လို့ Golden Eagle Force- Monywa အဖွဲ့ဆီက သိရပါတယ်။ 

အဲဒီရဲတပ်ဖွဲ့ဟာ ရွာထောင်ရွာမှာ တပ်စွဲထားတဲ့အဖွဲ့ကဖြစ်ပြီး ပစ်ခတ်ခဲ့ရမှုကြောင့် အမှတ်(၂) ရဲစခန်းက ဒုရဲအုပ် ၁ ဦးနဲ့ တပ်သား ၂ ဦးသေဆုံးခဲ့တယ်လို့ Golden Eagle Force- Monywa ခေါင်းဆောင်ဗိုလ်လင်းယုန်က ပြောပါတယ်။ 

" ကားမောင်းတဲ့သူကတော့ လက်မောင်းထိမှန် ဒဏ်ရာရသွားတယ်လို့ သိရတယ်၊ စက်မှုဇုန်အနီးဝန်းကျင်မှာ အိမ်စီးကားတွေနဲ့ ကင်းပတ်တွေလုပ်နေပြီး သေဆုံးအလောင်းကိုတော့ နာရေးကား ၂ စီးနဲ့ မြို့ထဲကိုသယ်ဆောင်သွားတယ်" လို့ သူကဆက်ပြောပါတယ်။

ပစ်ခတ်ပြီးနောက်ပိုင်း ရွာထောင်ရွာမှာတပ်စွဲထားတဲ့ စစ်သားတွေက အနီးဝန်းကျင်ကို လက်နက်ကြီး ၆၀ မမနဲ့ ရမ်းသမ်းပစ်ခတ်တာတွေ လုပ်တယ်လို့ ဆိုပါတယ်။

အဲ့ဒီတိုက်ခိုက်မှုကို Golden Eagle Force- Monywa၊ Ka Naung Min Tar Kyi-Monywa၊ ပုဏ္ဏကပြောက်ကျားတပ်ဖွဲ့ ၊ မုံရွာခရိုင်တပ်ရင်း ၁ တပ်ခွဲ ၁ Spring Dove ၊ 5/ဘခက် နဲ့ မုံရွာဘီလူးမြို့ပြ ပြောက်ကျားတပ်ဖွဲ့ တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၃၀ ရက်ကလည်း မုံရွာ စီးပွားရေးတက္ကသိုလ်အနီး အထိုင်ချထားတဲ့ စစ်ကောင်စီဂိတ်ကို Golden Eagle Force- Monywa  အဖွဲ့က လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်ခဲ့သေးတယ်လို့ သိရပါတယ်။

စာတည်း - နွေဦးငြိမ်းချမ်း

#မြေလတ်အသံ

#စစ်ကိုင်းတိုင်း #မုံရွာ #ရဲတပ်ဖွဲ့ #ဒုရဲအုပ် #ပစ်ခတ်တိုက်ခိုက်ခံရ #မြို့ပြပြောက်ကျား #PDF #စစ်ကောင်စီ #မြေလတ်သတင်း #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10