အိမ်စီးကားနဲ့ ခရီးသည်တင်ယာဥ်တိုက်မိလို့ ၇ ဦးဒဏ်ရာရ

အိမ်စီးကားနဲ့ ခရီးသည်တင်ယာဥ်တိုက်မိလို့ ၇ ဦးဒဏ်ရာရ

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့၊  အထက ၁ လမ်းနဲ့ သုခိတာလမ်းဆုံမှာ အိမ်စီးကားနဲ့ ခရီးသည်တင် ယာဥ်တိုက်မိလို့ ၇ ဦးဒဏ်ရာရသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဧပြီ ၅ ရက် မနက် ၁ နာရီ မထိုးခင်အချိန်မှာ ဆင်ပေါင်ဝဲဘက်ကနေ မကွေးမြို့ထဲကို လမ်းမကြီးအတိုင်း လူနာတင်ပြီးဝင်လာတဲ့ အန်စာတုံးခရီးသည်တင်ယာဥ်ကို သုခိတာလမ်းကြားကနေ ထွက်လာတဲ့ ပရိုဘောက်ယာဥ်က ဝင်တိုက်မိခဲ့တာလို့ဆိုပါတယ်။

"အန်စာတုံးက လမ်းမကြီးအတိုင်းမောင်းလာတာကို လမ်းကြားထဲက ထွက်လာတဲ့ ပရိုဘောက်ယာဥ်က အန်စာတုံးနောက်ဖင်ကို ဝင်တိုက်လို့ အန်စာတုံးကားက မှောက်သွားတာ။ "လို့ ဒေသခံတဦးက ပြောပါတယ်။

ယာဥ်တိုက်မှုကြောင့် အန်စာတုံးခရီးသည်တင်ယာဥ်ပေါ်ပါ ဆင်ပေါင်ဝဲမြို့နယ်နေသူ ၈ ဦးအနက် ယာဥ်မောင်း အပါအဝင် အသက် ၅၀ ကျော် အမျိုးသား ၂ ဦးနဲ့ အသက် ၃၀ မှ ၆၀ ကြား အမျိုးသမီး ၃ ဦးဒဏ်ရာရပြီး ပရိုဘောက်ယာဥ်ပေါ်ပါ အမျိုးသား ၁ ဦးနဲ့ အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာရသွားတယ်လို့ဆိုပါတယ်။

ယာဥ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရသူတွေကို ဒေသခံတွေက မကွေးမြို့နယ်ပြည်သူ့ဆေးရုံကို ပို့ဆောင်ပေးခဲ့ကြရပါတယ်။

မတ် ၃၀ ရက် ညပိုင်းကလည်း မကွေးမြို့နယ်၊ ဂွေးတောက်စမ်းရွာအနီး မကွေး-ကန်ဖျား-နေပြည်တော်လမ်းမှာ နေပြည်တော်စစ်ရေးပြအခမ်းအနားကနေ ပြန်လာတဲ့စစ်ကားမှောက်လို့ စစ်သား ၂ ဦးသေပြီး ၁၆ ဦး ဒဏ်ရာရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#မကွေးတိုင်း #အိမ်စီးကား #ယာဥ်တိုက်မှု #အန်စာတုံး #ပရိုဘောက်ယာဥ်

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10