အိမ်ထောင်စုစာရင်းကောက်ပြီးပြန်လာတဲ့ စစ်အုပ်စုယာဥ်တန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

အိမ်ထောင်စုစာရင်းကောက်ပြီးပြန်လာတဲ့ စစ်အုပ်စုယာဥ်တန်း တိုက်ခိုက်ခံရလို့ ၃ ဦးသေဆုံး

မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်မှာ ရွေးကောက်ပွဲအတွက် အိမ်ထောင်စုစာရင်းတွေကောက်ယူပြီး ပြန်လာတဲ့ စစ်ကောင်စီယာဥ်တန်း ဇန်နဝါရီ ၂၆ ရက် ည ၄ နာရီကျော်မှာ တိုက်ခိုက်ခံရတာကြောင့် ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာပြင်းထန်ရသွားခဲ့တယ်လို့ သိရပါတယ်။

ကားအသေး ၂ စီး၊ လုံခြုံရေးလိုက်ယူနေတဲ့ ဆိုင်ကယ် ၇ စီးတို့က ယက်သာကျေးရွာမှစာရင်း​ကောက်ယူပြီး နဘူးအိုင်ကျေးရွာကိုပြန်လာချိန် လေးတန်းရွာနဲ့ဖက်ရင်းရွာအကြားကိုအရောက်မှာ မိုင်း ၆ လုံးခွဲပြီး တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ရွှေခြံသားပြောက်ကြားတပ်ဖွဲ့မှ ပြန်ကြားရေးတာဝန်ခံလဂွန်းအိမ် က ပြောပါတယ်။

"မိုင်းဆွဲလိုက်တဲ့အချိန်မှာ ဆိုင်ကယ် ၃ စီးကိုထိသွားတယ်။ ဆိုင်ကယ် ၁ စီးမှာက ၂ ယောက်စီလိုက်စီးကြတာ။ အဲဒီထဲကမှ ကားပေါ်အရောက်မှာ ၃ ယောက်သေတယ်ဗျ။ နောက် ၁ ယောက်ကတော့ တော်တော်လည်းပြင်းထန်ဒဏ်ရာရသွားတယ်ဗျ" လို့ဆိုပါတယ်။

မိုင်းဆွဲတိုက်ခိုက်တဲ့အချိန်မှာလည်း မိုင်းတွေကို စနစ်တကျမြေမြုပ်ပြီး တိုက်ခိုက်ချိန်မရခဲ့တာ ကြောင့် ကား၂ စီးကိုမိုင်းမထိခဲ့ဘဲ ဆိုင်ကယ်တွေကိုသာ ထိမှန်သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ဇန်နဝါရီ ၁၇ ရက်နေ့မှာလည်း နဘူးအိုင်ကျေးရွာကနေ မြင်းခြံမြို့ပေါ်ကိုလာတဲ့ စစ်ကောင်စီဆိုင်ကယ် ၄ စီးနဲ့ကားသေးတစီးတို့ကို ထန်းတောကြီးကျေးရွာအနောက်ဘက်ကို အရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့တာကြောင့် ၄ ဦးသေဆုံးခဲ့သေးတယ်လို့ သိရပါတယ်။

သတင်း-အောင်စိုး၊ စာတည်း-007

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10