သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ ကုန်းရွာက နေအိမ်မီးရှို့ခံရတဲ့ ဒေသခံတွေအတွက် လိုအပ်တဲ့ အဝတ်အထည်နဲ့ စားသောက်ကုန်တွေကို ထောက်ပံ့ပေးခဲ့တယ်လို့ သိရပါတယ်။
မတ်လ ၁၄ ရက်မှာ ကာလတန်ဖိုးကျပ်သိန်း ၂၀ ကျော်ရှိတဲ့ အဝတ်အထည်နဲ့ စားသောက်ကုန်တွေကို ဒေသခံတွေ လက်ထဲအရောက် သွားရောက်ထောက်ပံ့ပေးခဲ့တယ်လို့ Next Generation Hope အဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။
"ကျနော်တို့အဖွဲ့က အများပြည်သူ လှူဒါန်းထားတဲ့ငွေတွေနဲ့ သင့်တော်မယ့် အဆင်ပြေမယ့်အရာလေးတွေကို စီစဥ်ပြီး သွားလှူပေးခဲ့တာ ဖြစ်ပါတယ်။ သူတို့ရွာက ရွာလုံးကျွတ်နီးပါး မီးရှို့ခံထားရတာ။ ရွာသားတွေကတော့ ရွာထဲကို ပြန်ရောက်နေကြပြီ။ အဆင်ပြေသလို နေနေကြရတယ်။ ကျနော်တို့ဘက်က သွားထောက်ပံ့ပေးခဲ့တာကတော့ အိမ်ထောင်စု ၅၀ စာလောက်ပဲ ရှိပါတယ်။ နောက်လည်း အများပြည်သူ လှူဒါန်းတာတွေရှိရင် ထပ်ပြီးထောက်ပံ့ပေးဖို့ အစီစဥ်ရှိတယ်" လို့ ပြောပါတယ်။