အိမ်မီးရှို့နေတဲ့ ရွာမွန် ကပစ တပ်က စစ်သားတွေ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်ခံရ (ရုပ်/သံ)

မကွေးတိုင်း၊ နတ်မောက်မြို့နယ်၊ ဖက်တောရေကျေးရွာကို ရွာမွန် ကပစ တပ်က စစ်သားတွေဝင်လာပြီး နေအိမ်တွေကို မီးရှို့နေလို့ ကာကွယ်ရေးပူးပေါင်းအဖွဲ့တွေက လက်နက်ကြီးတွေနဲ့ သွားရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့  သိရပါတယ်။

နတ်မောက်မြို့အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတဲ့ အင်အား ၅၀ ဝန်းကျင်ပါ ရွာမွန် ကပစ တပ်က စစ်သားတွေကို ဇွန် ၁၁ ရက် မနက် ၈ နာရီလောက်မှာ ၄၀ မမ၊ ၈၀ မမ၊ ၆၀ မမ တွေနဲ့ ပစ်ခတ်တဲ့အပြင် ကိုက် ၂၀၀ အကွာကနေ လက်နက်ငယ်တွေနဲ့ပါ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ နတ်မောက်ကျား မြို့ပြပြောက်ကျားတပ်ဖွဲ့ မြေပြင်စစ်ဆင်ရေး ရဲဘော်တဦးက ပြောပါတယ်။

"နတ်မောက်မြို့ကနေ နတ်မောက်မြို့အရှေ့ခြမ်းကို စစ်ကြောင်းထိုးလာတာ။ ဖက်တောရေရွာကို ရောက်ရောက်ချင်းပဲ နေအိမ်တွေကို မီးရှို့တယ်။ မီးရှို့ရှို့ချင်းမှာ ကျနော်တို့က ဝင်တိုက်တာ။ လက်နက်ကြီး လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်ကြတယ်။ ညပိုင်းအထိ အပြန်အလှန်ပစ်ခတ်ခဲ့တာ"လို့ သူက ဆက်ပြောပါတယ်။

စစ်အုပ်စု စစ်ကြောင်းက ဖက်တောရေရွာကို မီးရှို့တာကြောင့် လူနေအိမ် ၄ အိမ်၊ ရဲဘော်စခန်း ၂ လုံး၊ ဝက်ခြံ ၁ ခြံ လောင်ကျွမ်းခဲ့ပြီး လက်ရှိအဆိုပါစစ်ကြောင်းဟာ ဖက်တောရေတောင်ဘက်မှာ ဆက်ရှိနေပြီး တိုက်ပွဲဆက်ဖြစ်နေတယ်လို့ သိရပါတယ်။ ပစ်ခတ်မှုအတွင်း စစ်အုပ်စုဘက်က သေဆုံးထိခိုက်စရင်းကို မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီပစ်ခတ်မှုကို နတ်မောက်ကျား မြို့ပြပြောက်ကျားတပ်ဖွဲ့ ၊ နတ်မောက်ပကဖ၊ မြို့သစ်ပကဖ ဗိဿနိုး လက်အောက်ခံ ကျားသစ်နက်အဖွဲ့၊ ဗိဿနိုးလက်အောက်ခံ ကြိုးကြာနီ အဖွဲ့၊ 903 တပ်ရင်းတပ်ခွဲ ၁ ဂဠုန် PDF နတ်မောက်၊ 903 တပ်ရင်း တပ်ခွဲ ၃၊ တိုက်ဒေါင်းတပ်ဖွဲ့ ၊ 902 တပ်ရင်း၊ Aung San's Land၊ ငါးပြေမ ပြောက်ကျားတပ်ဖွဲ့၊ ပျော်ဘွယ်PDF (သာစည်တပ်ဖွဲ့)တို့က ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။

တည်းဖြတ် - ငြိမ်းဇော်

#မြေလတ်အသံ

#နတ်မောက် #ရွာမွန် #ကပစ #စစ်အုပ်စု #တိုက်ပွဲ #မီးရှို့

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10