သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်း၊ အုတ်တွင်းမြို့၊ စျေးပိုင်းရပ်နဲ့ ပဲခူးတန်းရပ်ကွက်ရှိ ရုံးနေရာ ၄ ခု ဒရုန်းနဲ့ဗုံးချခံရပြီး ရဲ ၁ ဦးဒဏ်ရာရတယ်လို့ ဖြစ်စဥ်ကိုသိထားတဲ့ ဒေသခံတဦးဆီက သိရပါတယ်။
ဒီဇင်ဘာ ၆ ရက်နေ့ည ၈ နာရီခန့်ကနေ ၈ နာရီခွဲအတွင်း အုတ်တွင်းမြို့မရဲစခန်း၊ မြန်မာ့ စီးပွားရေးဘဏ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာရုံးနဲ့ မြို့နယ် NLD ရုံးအနီး ဒရုန်းနဲ့ ဗုံးချတိုက်ခိုက်ခံရတယ်လို့ ဆိုပါတယ်။
"တလုံးပြီးမှ တလုံးကျတာ။ အချိန်တော့ခြားတယ်။ ရဲစခန်းကိုအရင်ကျတယ်။ ပြီးမှ စီးပွားရေးဘဏ်နားကို ကျတာ။ အဲ့နားတဝိုက်က ရုံးတွေချည်းဘဲ။ "လို့ ဒေသခံတဦးကပြောပါတယ်။
ရဲစခန်းဝင်းအတွင်းကျတဲ့ ဗုံးသီးကြောင့် ကင်းစောင့်နေတဲ့ ရဲတပ်သား ၁ ဦးမှာ ညာဘက်ခြမ်းလက်နဲ့ ခြေထောက်တွေမှာ အစမှန်ဒဏ်ရာရပြီး ဆိုင်ကယ် ၂ စီးနဲ့ ဘန်ကာလည်း အနည်းငယ်ပျက်စီးသွားတယ်လို့ ဆိုပါတယ်။
မြန်မာ့စီးပွားဘဏ်အနီး လူနေအိမ်တခုက ထင်းပုံပေါ်၊ ထွေအုပ်ရုံးအတွင်းက ထန်းပင်ပေါ်နဲ့ NLD ရုံးအနောက်ဘက် ရထားလမ်းအနီး ဒရုန်းဗုံးကျချိန်မှာ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။
မြန်မာ့စီးပွားရေးဘဏ်နဲ့ထွေအုပ်ရုံးမှာ စစ်ကောင်စီအစောင့်တွေရှိနေပြီး NLD ရုံးဝန်းအတွင်းမှာတော့ ယခင်က စစ်ကောင်စီတပ်သားတွေတပ်စွဲခဲ့ပေမယ့် ထွက်ခွာသွားတာ ၃ လနီးပါးရှိပြီလို့ အထက်ပါ ဒေသခံက ပြောပါတယ်။
အုတ်တွင်းမြို့ထဲမှာ ည ၇ နာရီနောက်ပိုင်း လမ်းသွားလမ်းလာတွေ မရှိသလောက်နည်းပါးတာကြောင့် ဒရုန်းဗုံးကျချိန် ပြည်သူထိခိုက်တာမရှိခဲ့ဘူးလို့ အထက်ပါဒေသခံကဆက်ပြောပါတယ်။
အဲ့ဒီဒရုန်းဗုံးချ တိုက်ခိုက်မှုကိုတော့ ဘယ်အဖွဲ့တွေဘက်က ပြုလုပ်တယ်ဆိုတာ သတင်းထုတ်ပြန်ထားတာမျိုး မတွေ့ရသေးပါဘူး။
နိုဝင်ဘာ ၂၅ ရက်နေ့ညကလည်း အုတ်တွင်းမြို့ပေါ် ရဲစခန်းနဲ့ထွေအုပ်ရုံး ဒရုန်းဗုံးလုံးချတိုက်ခိုက်ခံရပြီး လူထိခိုက်တာမရှိခဲ့ဘူးလို့ ဒေသခံတဦးက ပြောပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #အုတ်တွင်း #ရဲစခန်း #ဒရုန်း #တိုက်ခိုက်
Share Share Share