အုတ်တွင်းမြို့နယ်က ပြည်သူတွေ ဘယ်လိုလွှတ်တော်ကိုယ်စားလှယ်မျိုးကို ရွေးချယ်သွားမလဲ

အုတ်တွင်းမြို့နယ်လေးဟာ တောင်ငူခရိုင်ထဲကဖြစ်ပြီး၊ ပြည်ခရိုင် ပေါက်ခေါင်းမြို့နယ်နဲ့ နယ်နမိတ်ချင်းထိစပ်နေကာ၊ ရန်ကုန်- မန္တလေး အမြန်လမ်းမကြီးအပါအဝင်၊ လမ်းဟောင်းနဲ့ မီးရထားလမ်းတွေ ဆုံးတဲ့မြို့နယ်လေးဖြစ်ပါတယ်။

အုတ်တွင်းမြို့နယ်အတွင်းမှာ အုတ်တွင်းမြို့နဲ့ ကျွဲပွဲမြို့ ၂ မြို့ပါဝင်ပြီး ရပ်ကွက် ၁၁ ရပ်ကွက်ရှိကာ ကျေးရွာအုပ်စု ၄၀ အတွင်း လူဦးရေ ၁ သိန်း ၇ သောင်း ၃ ထောင်ကျော် မှီတင်းနေထိုင်တဲ့ မြို့နယ်လေးဖြစ်ပါတယ်။

ဗမာတိုင်းရင်းသား အများစုနေထိုင်ပြီး၊ ကရင်တိုင်းရင်းသား ဒုတိယအများဆုံးနဲ့ ချင်းတိုင်းရင်းသား တတိယအများဆုံးနေထိုင်ကြပါတယ်။

အခုလာမယ့် နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲမှာ အုတ်တွင်းမြို့နယ်အတွင်း နိုင်ငံရေးပါတီကြီး ၈ ခုဝင်ရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး မဲပေးနိုင်သူဦးရေ ၁ သိန်း ၁ သောင်ကျော်ရှိပါတယ်။

အခု လာမယ့် ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ပြည်သူလူထုက ဘယ်လို အစိုးရမျိုးကို ရွေးချယ်သွားမလဲ၊ လက်ရှိအစိုးရကရော ပြည်သူတွေအတွက် ဘာတွေလုပ်ပေးခဲ့ပြီလဲ၊ မိမိတို့ ဒေသအတွက် ဘယ်လို လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးချယ်သွားကြမလဲဆိုတာတွေကို မြေလတ်အသံ သတင်းဌာနက လိုက်လံမေးမြန်းသွားမှာဖြစ်ပါတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10