သတင်း
- - သတင်းတို
- - စီးပွားရေး
- - ရွေးကောက်ပွဲ
- - နိုင်ငံရေး
- - အင်တာဗျူး
- - မှုခင်း
- - ကျန်းမာရေး
- - ပညာရေး
- - အလုပ်သမား
- - သမိုင်း
- - ပေးစာ
- - စစ်ရှောင်
- - တိုက်ပွဲ
- - သဘာဝဘေး
ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့နယ်၊ တဲကြီးကုန်းရွာနဲ့ ကျောက်တလင်းရွာအကြား ရထားလမ်းဘေးမှာ ဒဏ်ရာတွေနဲ့သေနေတဲ့ အမျိုးသားအလောင်းတွေ့ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
နိုဝင်ဘာ ၁၇ ရက် မနက် ၁၀ နာရီလောက်က ဦးခေါင်း၊ မျက်နှာနဲ့ လက်တွေမှာ ဒဏ်ရာတွေရပြီး သေဆုံးနေတဲ့ အမျိုးသားအလောင်းကို ဒေသခံတွေနဲ့ လမ်းသွားလမ်းလာတွေက တွေ့ခဲ့တာလို့ ဆိုပါတယ်။
"သေတာက ညလောက်ကတည်းက ဖြစ်လောက်မယ်။ ရထားလမ်ဘေးဆိုပေမယ့် ရထားတိုက်ပြီး သေတာမျိုးလည်း မဟုတ်ဘူး။ ဒဏ်ရာတွေအရဆို ရိုက်နှက်ခံထားရတာဖြစ်နိုင်တယ်"လို့ ဒေသခံတဦးက ပြောပါတယ်။
သေဆုံးနေတဲ့ အမျိုးသားဟာ အသက် ၅၀ အရွယ် ဦးအေးလွင်၊ တောင်ငူမြို့က အမှတ် ၂၁ ရပ်ကွက်နေသူဖြစ်ပြီး သာမန် ကျပန်းအလုပ် လုပ်ကိုင်သူတဦးဖြစ်တယ်လို့ ဆိုပါတယ်။
သေဆုံးသူ အမျိုးသားနဲ့ပတ်သက်ပြီး ဘာကြောင့်သေဆုံးနေတယ်ဆိုတာကိုတော့ မသိရသေးဘဲ သေဆုံးသူအလောင်းကိုတော့ ဒေသခံတွေက အုတ်တွင်းဆေးရုံကို ပို့ထားရတယ်လို့ သိရပါတယ်။
စာတည်း - လင်း
#မြေလတ်အသံ
#ပဲခူး #အုတ်တွင်း #တဲကြီးကုန်းရွာ #ကျောက်တလင်းရွာ #သတင်း #မြေလတ်သတင်း
Share Share Share