အုတ်တွင်းမှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး

အုတ်တွင်းမှာ အမျိုးသား ၁ ဦး ကြိုးဆွဲချသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ကြက်သွန်ခင်း ၂ ရပ်ကွက်မှာ အမျိုးသား ၁ ဦးကြိုးဆွဲချသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

နိုဝင်ဘာ ၁ ရက် မနက် ၁၀ နာရီခန့်မှာ ရထားလမ်းလုပ်သား အသက် ၄၇ နှစ်အရွယ် ဦးအေးတင့်ဟာ နေအိမ်အတွင်းမှာ ကြိုးဆွဲချသေဆုံးနေတာကို မိန်းမဖြစ်သူက တွေ့ရှိခဲ့တာလို့ ဆိုပါတယ်။

"ညကတည်းက သေဆုံးနေပုံရတယ်။ မနက်ကျမှ သူမိန်းမအိမ်ပြန်လာမှ တွေ့ရတယ်။ အိမ်ထဲမှာ ဒူးထောက်လျက် အနေအထားနဲ့ ကြိုးဆွဲချသေဆုံးနေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

ဦးအေးတင့် ကြိုးဆွဲချ မသေဆုံးခင် ၂ ရက်လောက်အလိုက လူမှုရေးကိစ္စတခုနဲ့ပတ်သက်ပြီး လင်မယား စကားများထားတာရှိပြီး ဖြစ်စဥ်ဖြစ်မယ့်ညမှာ မိန်းမဖြစ်သူက အလုပ်မှာ ညအိပ်ရတာကြောင့် နေအိမ်မှာ ဦးအေးတင့်တယောက်သာ ရှိတယ်လို့ ဆိုပါတယ်။ 

ကြိုးဆွဲချသေဆုံးသွားတဲ့အလောင်းကိုတော့ ဒေသလူမှုကူညီရေးအသင်းက အုတ်တွင်းပြည်သူ့ဆေးရုံကို သယ်ဆောင်သွားကြတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်း #အုတ်တွင်းမြို့ #ကြက်သွန်ခင်း #ကြိုးဆွဲချသေဆုံး #အမျိုးသား #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10