အုတ်တွင်းမှာ အမျိုးသား ၁ ဦး အပူဒဏ်ကြောင့်လဲကျသေဆုံး

အုတ်တွင်းမှာ အမျိုးသား ၁ ဦး အပူဒဏ်ကြောင့်လဲကျသေဆုံး

ပဲခူးတိုင်းဒေသကြီး၊ အုတ်တွင်းမြို့၊ ရိုးလေးကွက်သစ်ပိုင်းမှာ အမျိုးသား ၁ ဦးအပူဒဏ်ကြောင့် လဲကျသေဆုံးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

သေဆုံးသူဟာ ကြက်သွန်ခင်း ၂ ရပ်ကွက်နေထိုင်သူ အသက် ၄၂ နှစ်အရွယ် ဦးကျော်မင်း ဖြစ်ပြီး မေ ၁၀ ရက် ဒီနေ့ နေ့လယ် ၁၂ နာရီခန့်မှာ ရိုးလေးကွက်သစ်၊ ဦးကျော်ဦးတံတားအနီးမှာ လဲကျသေဆုံးသွားတာလို့ဆိုပါတယ်။

" တဦးတည်းလမ်းလျှောက်လာရင်းကနေ မူးတယ်ဆိုပြီး လဲကျသွားတာ။ မျက်ဖြူစိုက်နေပြီး ဆေးရုံရောက်တော့ဆုံးသွားတယ်။ အပူဒဏ်များလို့ ဦးနှောက်သွေးကြောပြတ်တာလို့ ဆေးရုံကပြောတယ် " လို့ အုတ်တွင်းဒေသခံတဦးက ပြောပါတယ်။

သေဆုံးသူဟာ အရက်သေစာသောက်စားတတ်သူဖြစ်ပြီး ကြက်သွန်ခင်း ၁ ရပ်ကွက်ဘက်ကနေ သူနေထိုင်ရာ နေအိမ်ကို လမ်းလျှောက်ပြန်လာစဥ်မှာ လဲကျသေဆုံးသွားတာပါ။

ယနေ့ အုတ်တွင်းမှာ အပူချိန် ၃၉ ဒီဂရီစင်တီဂရိတ်ထိရှိနေပြီး မေလအတွင်း အုတ်တွင်းမြို့နယ်မှာ အပူရှိန်ကြောင့် သေဆုံးသူ ၂ ဦးထိရှိတယ်လို့ သိရပါတယ်။

ဒါ့အပြင် အပူရှပ်လက္ခာတွေနဲ့ ဆေးရုံတက်ကုသရသူ ၈ ဦးခန့်ရှိတယ်လို့လည်း ဒေသလူမှုကူညီရေးအသင်းတွေထံက သိရပါတယ်။

စာတည်း - ဟိန်းစံ

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #အပူဒဏ် #အမျိုးသား #သေဆုံး

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10