အုတ်တွင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က တံတား ၁ စင်း မိုင်းခွဲခံရလို့ ကျိုးကျပျက်စီး

အုတ်တွင်း၊ ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်က တံတား ၁ စင်း မိုင်းခွဲခံရလို့ ကျိုးကျပျက်စီး

ပဲခူးတိုင်း၊ အုတ်တွင်းမြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာအနီး ရန်ကုန်-မန္တလေးလမ်းဟောင်းပေါ်မှတံတား ၁ စင်းမိုင်းခွဲခံရလို့ ကျိုးကျပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။

ဒီဇင်ဘာ ၈ ရက် မနေ့ ည ၉ နာရီကျော်မှာ ဘန့်ဘွေးကုန်းကျေးရွာထိပ်က အလျားပေ ၄၀ နဲ့ အကျယ်ပေ ၄၀ ခန့်ရှိတဲ့ တံတားမိုင်းထောင်ဖောက်ခွဲခံခဲ့ရတာလို့ ဆိုပါတယ်။

" ဘန့်ဘွေးကုန်းနဲ့ အုတ်တွင်းမြို့ဆို ၅ မိုင်လောက်ဝေးတယ်။ ဒါတောင် မိုင်းပေါက်ကွဲသံက တော်တော်ကျယ်ကျယ်ကြားရပြီး အိမ်တွေတောင်တုန်ခါမှုရှိတာ။ ယမ်းအားက ဘယ်လောက်ပြင်းလဲဆိုတာသာ တွက်ကြည့်တော့" လို့ ဒေသခံတဦးက မြေလတ်အသံကို ပြောပါတယ်။

မိုင်းပေါက်ကွဲလို့ တံတားလမ်းတခြမ်း အကျယ်ပေ ၁၀ ကျော်နဲ့ အလျားပေ ၄၀ ခန့် ပြိုကျပျက်စီးသွားပြီး မိုင်းဒဏ်ကြောင့် တံတားပြိုကျသွားပေမယ့် တံတားတခြမ်းက အကောင်းတိုင်းရှိနေသေးတာကြောင့် ကားကြီးကားငယ်တွေ ပုံမှန်သွားလာနေကြတယ်လို့ သိရပါတယ်။

မတ်လ ၂၂ ရက်ကလည်း အုတ်တွင်းမြို့နယ်၊ ညောင်ခြေထောက်ကျေးရွာနားမှာ ရန်ကုန်-မန္တလေးရထားမိုင်းထိလို့ ခရီးသည် ၂ ဦးဒဏ်ရာရသွားတယ်လို့ သိရပါတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #အုတ်တွင်း #ရန်ကုန်မန္တလေးလမ်းဟောင်း #တံတားကျိုးကျ #မိုင်းခွဲခံရ #ပျက်စီးမှု #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10