အုတ်ဖိုက Melody KTV ဗုံးခွဲခံရပြီး ဝန်ထမ်း ၁ ဦးဒဏ်ရာရ

အုတ်ဖိုက Melody KTV ဗုံးခွဲခံရပြီး ဝန်ထမ်း ၁ ဦးဒဏ်ရာရ

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ရှမ်းတောလေးကျေးရွာ၊ အုတ်ဖိုတာဆုံရှိ Melody KTV ဗုံးပစ် တိုက်ခိုက်ခံရပြီး ဆိုင်ဝန်ထမ်း ၁ ဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ဇူလိုင်လ ၂၃ ရက် မနေ့ကမနက် ၁၁ နာရီလောက်မှာ စစ်ကောင်စီနဲ့ ပူးပေါင်းပြီးလုပ်ငန်းလုပ်နေသူ ကိုမင်းဦး ပိုင်ဆိုင်တဲ့ Melody KTV ဆိုင်ကို အပြင်ကနေ ဗုံးပစ်ထည့်သွားတာလို့ ဆိုပါတယ်။

"ဗုံးပစ်ခံရတဲ့ အချိန်မှာ ဆိုင်ကအလုပ်သမားတွေက ဆိုင်သန့်ရှင်းရေးလုပ်နေချိန်လို့ သိရတယ်။ ပိုင်ရှင်ကတော့ စကစနဲ့ပေါင်းပြီး အကုန်နီးပါး လုပ်နေသူဘဲ။ ထိတာကတော့ အလုပ်သမားတယောက်ဘဲ"လို့ ဒေသခံတဦးက ပြောပါတယ်။

ဗုံးပစ်ခံရလို့ ဆိုင်ဝန်ထမ်းဖြစ်သူ အသက် ၁၆ နှစ်အရွယ် ကိုမင်းဇော် ရဲ့ ခြေထောက်နဲ့ဝမ်းဗိုက်တွေမှာ ဗုံးစမှန်ဒဏ်ရာတွေရပြီး ဆိုင်ခန်းထဲမှာလည်း ပျက်စီးမှုအချို့ ရှိခဲ့သလို ဒဏ်ရာရသူကိုတော့ ဒေသလူမှုကူညီရေးအသင်းတွေက အုတ်ဖိုဆေးရုံကို ပို့ထားပေးရတယ်လို့ သိရပါတယ်။

ဒီတိုက်ခိုက်မှုကို ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့လဲဆိုတာကိုတော့ မြေလတ်အသံက သီးခြားအတည်မပြုနိုင်သေးပါဘူး။ 

ပြီးခဲ့တဲ့ ဇွန်လ ၄ ရက်ကလည်း အုတ်ဖိုမြို့နယ်၊ ဝိုင်ံးအုပ်စု ရဲကင်ံးအနီး၊ ဗျူဟာလမ်ံးဘေးမှာနေတဲ့ ရဲတပ်သား သန်းဌေးဦး ရဲ့ ယောက္ခမဖြစ်သူ စစ်ကောင်စီသတင်းပေး ဦးစိုးမြင့် (၆၅) နှစ်လည်း နေအိမ်မှာရှိနေချိန် ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း

#မြေလတ်အသံ

#ပဲခူး #အုတ်ဖို #MelodyKTV #ဗုံးပစ်ခံရ #ဆိုင်ဝန်ထမ်းဒဏ်ရာရ

 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10