အုတ်ဖိုမြို့နယ်က အုပ်ကြီးလုပ်ဖို့ကြိုးစားနေသူ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ရှင်းလင်းခံရ

အုတ်ဖိုမြို့နယ်က အုပ်ကြီးလုပ်ဖို့ကြိုးစားနေသူ ကြံ့ခိုင်ရေးပါတီစည်းရုံးရေးမှူး ရှင်းလင်းခံရ

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ဒေါင်းစပါးကျေးရွာအုပ်စု၊ ဂွေ့ချောင်းကျေးရွာမှာ နုတ်ထွက်ထားတဲ့ အုပ်ကြီးနေရာမှာ ဝင်လုပ်ဖို့ကြိုးစားနေတဲ့ ကြံခိုင်ရေးပါတီစည်းရုံးရေးမှူးကို ရှင်းလင်းခဲ့တယ်လို့ အုတ်ဖိုမြို့နယ် ပကဖထံက သိရပါတယ်။

ဩဂုတ် ၂၆ ရက် မနက် ၉ နာရီကျော်ခန့်မှာ ဂွေ့ချောင်းရွာကြံခိုင်ရေးပါတီစည်းရုံးရေးမှူး ဦးမျိုးဇော်အောင် ၃၉ နှစ်ကို နေအိမ်မှာရှိနေချိန် ဝင်ရောက်ရှင်းလင်းခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

"သူကိုစောင့်ကြည့်နေတာကြာပြီ။ အခြေအနေပေးလို့ ရွာမြောက်ပိုင်းတန်းမှာရှိတဲ့ သူရဲ့နေအိမ်ထဲမှာ ဝင်ရောက်ပစ်ခတ်ခဲ့တာ။ ၂ ချက်ပါ။ နေရာမှာပဲ သေဆုံးသွားတယ်။"လို့ အုတ်ဖိုမြို့နယ် ပကဖ တာဝန်ခံက ပြောပါတယ်။

သေနတ်နဲ့ပစ်ခတ်ခံရလို့ မျိုးဇော်အောင်ဟာ ရင်ဘတ်နဲ့နောက်ကျောမှာ ကျည်ဖောက်ဝင်ဒဏ်ရာနဲ့ နေရာမှာပဲ သေဆုံးသွားတယ်လို့ဆိုပါတယ်။

သေဆုံးသူ မျိုးဇော်အောင်ဟာ CDM ပြုလုပ်သည့်ဝန်ထမ်းတွေကို စကစ ခေါ်ဖမ်းခိုင်းပြီး Non CDM ပြုလုပ်စေရန် အဓမ္မလုပ်ဆောင်ခဲ့တာ၊  ဒေသခံတွေကို မင်းအောင်လှိုင်ကို ဆဲဆိုတယ်လို့ ဆိုကာ ဖမ်းဆီးခိုင်းတာ၊ PDF တွေရဲ့ သတင်းကို စုံစမ်းပြီး စစ်ကောင်စီထံ သတင်းပေးတာတွေလုပ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် သူဟာ စစ်သင်တန်းတက်ထားတဲ့ ပျူစောထီးတဦးဖြစ်သလို ဒေါင်းစပါးအုပ်စု အုပ်ချုပ်ရေးမှူး တာဝန်အား ထမ်းဆောင်ခွင့်ရရှိရန် ကြိုးစားပြင်ဆင်နေသူဖြစ်တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီး ၁ နာရီခန့်အကြာမှာ စစ်ကောင်စီနဲ့ ရဲအင်အား ၂၀ ခန့်ဟာ ဆိုင်ကယ်တွေနဲ့ရောက်လာပြီး စစ်ဆေးမှုလုပ်ကာ အလောင်းကိုသယ်သွားသလို လမ်းသွားလမ်းလာတွေကို ခေါ်ယူစစ်မေးတာတွေ လုပ်ခဲ့ ပါတယ်။

ဩဂုတ် ၇ ရက် ညနေပိုင်းကလည်း အုတ်ဖိုမြို့နယ်၊ ထန်းပင်ကုန်းကျေးရွာမှာ အုပ်ချုပ်ရေးမှူး ထွက်ပြေးနေတာကြောင့် ယာယီအုပ်ချုပ်ရေးမှူးလုပ်နေသူ ဦးဂျော့ဆိုသူဟာ နေအိမ်မှာ ပစ်သတ်ခံခဲ့ရတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #အုတ်ဖိုမြို့နယ် #ဒေါင်းစပါးကျေးရွာ #ဂွေချောင်းကျေးရွာ  #အုပ်ချုပ်ရေးမှူး #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10