အုတ်ဖိုမြို့  စီးပွားရေးဘဏ်  ဗုံးခွဲခံရမှု အမျိုးသမီး ၂ ဦးအပါ ၆ ဦး ဖမ်းဆီးခံရ

အုတ်ဖိုမြို့ စီးပွားရေးဘဏ် ဗုံးခွဲခံရမှု အမျိုးသမီး ၂ ဦးအပါ ၆ ဦး ဖမ်းဆီးခံရ

ပဲခူးတိုင်းဒေသကြီးအနောက်ပိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖို့မြို့နယ် မြန်မာ့စီးပွားရေးဘဏ် ဗုံးခွဲတိုက်ခိုက်ခံရပြီး ပြည်သူ ၆ ဦးကိုဖမ်းဆီးသွားတယ်လို့ မြို့ခံများထံကသိရသည်။

 ဧပြီလ ၁၉ ရက်နေ့ည ၉ နာရီခန့်က အုတ်ဖို့မြို့ ကျောင်းကြီးတန်းရပ်ကွက်မှာရှိတဲ့ မြန်မာ့စီးပွားရေးဘဏ် လုံခြုံရေးကင်းအား အဝေးထိန်းဖြင့်ဖောက်ခွဲခံရပြီး နောက် မြို့တွင်းရှိ ကျောင်းကြီးတန်းရပ်ကွက်၊ မြို့သစ်ရပ်ကွက်၊ မြို့မရပ်ကွက် တို့မှ အမျိုးသမီး ၂ ဦးအပါ လူငယ်လူလတ် စုစုပေါင်း ၆ ဦးကိုဖမ်းဆီးသွားခဲ့ခြင်းဖြစ်သည်။

"ပေါက်ကွဲမှုဖြစ်တာကတော့ အသံအကျယ်ကြီးပဲ စစ်သားနှစ်ယောက် ထိသွားတယ်။ ပေါက်ကွဲမှုဖြစ်ပြီး ဖမ်းသွားတာကခြောက်ယောက် နှစ်ယောက်ပြန်လွတ်တယ် ကျန်တာတွေကတော့ဖမ်းထားတုန်းပဲ မိန်းကလေးတွေလည်း ပါတယ်။" ဟု မြို့ခံတဦးကပြောသည်။

ဖမ်းဆီးခံရသူများတွင် အမျိုးသမီးတဦးနှင့်အမျိုးသားတဦး ပြန်လည်လွတ်မြောက်လာပြီး ဖမ်းဆီးခံရသူ တဦးနေအိမ်မှ ငွေသိန်း ၂၀ နှင့်‌ ရွှေလက်ဝတ်လက်စားများ ယူဆောင်သွားကြောင်း မြို့ခံများထံကသိရသည်။ 

အဆိုပါဖောက်ခွဲမှုကို ဖက်ဆစ်တိုက်ဖျက်ရေးနှင့်ပြည်သူ့အာဏာတည်ဆောက်ရေးတပ်ဦး(အုတ်ဖိုမြို့နယ်)နှင့် တပ်ရင်းအမှတ် ၃၈၀၂၊ သာယာဝတီခရိုင်တပ်ရင်း(၂) တပ်ခွဲ(၄) မဟာမိတ် တို့ကပူးပေါင်း ပြုလုပ်ခဲ့ကြောင်း ဖတပအ က သတင်းထုတ်ပြန်ထားသည်။

"အဖမ်းခံရတာကတော့ ပြည်သူခြောက်ယောက်ပါ နှစ်ယောက်ပြန်လွတ်တယ်လို့ကြားတယ်။" လို့ ဖတပအတာဝန်ရှိသူ တဦးကပြောသည်

ဖတပအအနေဖြင့် တော်လှန်သင်္ကြန်ကာလအတွင်းကလည်း ပြည်သူလူထုနှင့်ကလေးများအား ထိခိုက်မည်စိုးရိမ်၍ mission အချို့ကိုဖျက်သိမ်း နောက်ဆုတ်ခဲ့ရပြီး ပြည်သူလူထုအနေဖြင့် စစ်ကောင်စီ ပြုလုပ်သော ပျော်ပွဲရွှင်ပွဲများ လောင်းကစားဝိုင်းများ နှင့် စစ်ကောင်စီအပေါင်းအပါများနှင့်အတူယှဉ်တွဲသွားလာခြင်းများ မပြုလုပ်ရန် သတိပေးထားသည်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10