အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတဦး ရှင်းလင်းခံရ

အုတ်ဖိုမှာ အုပ်ချုပ်ရေးမှူးတဦး ရှင်းလင်းခံရ

ပဲခူးတိုင်းဒေသကြီး၊ အုတ်ဖိုမြို့နယ်၊ ကျွဲတဲကုန်းရွာနဲ့ ချောင်းဝရွာကြားမှာ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးတဦး ပစ်သတ်ခံရလို့ သေဆုံးသွားတယ်လို့ ဒေသကာကွယ်ရေးအဖွဲ့ဝင်တွေထံက သိရပါတယ်။

အောက်တိုဘာ ၂၉ ရက် မနက် ၁၀ နာရီခန့်မှာ သရက်နှစ်ဖျားလိပ်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးမြင့်ကျော် ၅၀ နှစ်ဟာ ကျွဲတဲကုန်းရွာကနေ ဆိုင်ကယ်နဲ့တဦးတည်းပြန်လာစဥ် ပစ်သတ်ခံရတာလို့ဆိုပါတယ်။

"အလှူကနေ ပြန်လာချိန် ပစ်သတ်ခံရတယ်လို့တော့ သိရတယ်။ သူက စကစခန့်အုပ်ကြီးဆိုတော့ စကစ ခိုင်းတာမှန်သမျှ လုပ်တယ်" လို့ အုတ်ဖို့မြို့နယ် အခြေစိုက် PDF အဖွဲ့ဝင်တဦးက ပြောပါတယ်။

သေနတ်သမားတွေရဲ့ ပစ်သတ်တာခံရလို့ အုပ်ချုပ်ရေးမှူးဦးမြင့်ကျော်ဟာ ဝမ်းဗိုက်နဲ့ရင်ဘတ်မှာ ကျည်ထိဒဏ်ရာတွေနဲ့ နေရာမှာပဲ သေဆုံးသွားပါတယ်။

ဦးမြင့်ကျော်ဟာ စစ်ကောင်စီဘက်က PDF သတင်းတွေစုံစမ်းခိုင်းရင် သူကိုယ်တိုင်အပြင် အခြားသူတွေကိုပါ စုံစမ်းခိုင်းတာတွေလည်းရှိနေတယ်လို့ ဆိုပါတယ်။

အဲ့ဒီပစ်ခတ်မှုကိုတော့ ဘယ်အဖွဲ့က ဘာကြောင့်လုပ်တယ်ဆိုတာ ထုတ်ပြန်ထားတာ မရှိသေးပါဘူး။

အောက်တိုဘာ ၄ ရက် မနက် ၈ နာရီခန့်ကလည်း အုတ်ဖိုမြို့နယ်၊ ကြို့ကိုးပင်ကျေးရွာမှာ နေအိမ်ကနေ ဆိုင်ကယ်နဲ့ အပြင်ထွက်လာတဲ့ ကြို့ကိုးပင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးဇော်ဝမ်း ၄၅ နှစ်ခန့်ကို အနီးကပ် သေနတ်နဲ့ ၈ ချက် ပစ်ခတ်ခံရလို့ နေရာမှာပဲ သေဆုံးသွားတယ်လို့ သိရပါတယ်။

စာတည်း - လင်းဇေ

#မြေလတ်အသံ

#ပဲခူးတိုင်းဒေသကြီး #အုတ်ဖိုမြို့နယ် #ကျွဲတဲကုန်းရွာ #ချောင်းဝရွာ #ဒလန် #အုပ်ချုပ်ရေးမှူး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10