အုတ်ဖြတ်ရဲစခန်းနဲ့ အုတ်ဖြတ်တံတားဂိတ် တိုက်ခိုက်ခံရ

အုတ်ဖြတ်ရဲစခန်းနဲ့ အုတ်ဖြတ်တံတားဂိတ် တိုက်ခိုက်ခံရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်ရဲစခန်းနဲ့ အုတ်ဖြတ်တံတားစစ်ကောင်စီဂိတ်ကို KNLA၊PDFပူးပေါင်းတပ်ဖွဲ့တွေက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံရဲဘော်တွေ ဆီက သိရပါတယ်။

ဩဂုတ်လ ၈ ရက် မနေ့မနက် ၉ နာရီက အုတ်ဖြတ်ရဲစခန်းအနောက်ဘက်ရှိ လက်နက်ကြီးပစ်ကူပေးနေတဲ့နေရာကို ဒရုန်းနဲ့ ၆၀ မမ ဗုံးသီး ၂ လုံးချ တိုက်ခိုက်ခဲ့တာဖြစ်ပြီး မနက် ၁၀ နာရီခန့်မှာတော့ စစ်တောင်းတံတား(အုတ်ဖြတ်)က စစ်ကောင်စီဂိတ်ကို ၄၀ မမ၊ လက်နက်ငယ်တွေသုံးကာ ပစ်ခတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

“အုတ်ဖြတ်ရဲစခန်းနောက်ကနေ ကြာအင်းဘက်ကို ပစ်ကူပေးနေတဲ့နေရာကို ကြဲတာ၊ လက်နက်ကြီးက တောအုပ်ထဲကနေ ပစ်ပေးနေတာ၊ အဲ့နေရာကို ဒရုန်းနဲ့ ကြဲပေးတာ၊ ကြာအင်းဘက်ကို အာရုံစိုက်နေချိန် အုတ်ဖြတ်ဂိတ် ပစ်ခံရတာ”လို့ ဒေသခံရဲဘော်တဦိးက မြေလတ်အသံကို ပြောပါတယ်။

တိုက်ခိုက်မှုဖြစ်စဉ်တွေအတွင်း  စစ်ကောင်စီတပ်က စနိုက်ဘာသမားတဦးအပါအဝင် ၅ ဦး သေဆုံးခဲ့ကာ ၆ ဦး ဒဏ်ရာအပြင်းအထန်ရခဲ့တယ်လို့လည်း ဒေသကာကွယ်ရေးတပ်ဖွဲ့တွေဘက်က ပြောပါတယ်။

အုတ်ဖြတ်ရဲစခန်းနဲ့ စစ်ဆေးရေးဂ်ိတ်ဟာ မကြာခဏဆိုသလို တိုက်ခိုက်ခံနေရပြီး ပြီးခဲ့တဲ့ ဩဂုတ်လ ၅ ရက်နေ့လယ် ၂ နာရီခွဲဝန်းကျင်ကလည်း အုတ်ဖြတ်တံတားက စစ်ကောင်စီတပ်ဖွဲ့ စနိုက်ဘာနဲ့ ပစ်ခတ်ခံရလို့ တဦးသေဆုံးခဲ့ပါသေးတယ်။

စာတည်း - ရင်ငြိမ်း

#မြေလတ်အသံ

#ပဲခူး #ဖြူး #ရဲစခန်း #စစ်ဆေးရေးဂိတ် #တိုက်ခိုက်ခံရ #စစ်ကောင်စီတပ် #သေဆုံးမှု #သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10