အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီး အလောင်းလာသယ်တဲ့စစ်အုပ်စုပါမိုင်းဆွဲခံရ

အုပ်ချုပ်ရေးမှူးပစ်သတ်ခံရပြီး အလောင်းလာသယ်တဲ့စစ်အုပ်စုပါမိုင်းဆွဲခံရ

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ မြွေဟင်္ဟာရွာက စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး သေနတ်နဲ့ပစ်သတ်ခံရပြီး သူ့ရဲ့အလောင်းကိုလာသယ်တဲ့ စစ်ကောင်စီတပ်သားတွေလည်းမိုင်းဆွဲခံခဲ့ရပါတယ်။

ဒီဇင်ဘာလ ၂၀ ရက်မနေ့ကမနက် ၇ နာရီလောက်မှာ အသက် ၄၀ နှစ်ဝန်းကျင်ရှိ မြွေဟင်္သာရွာ အုပ်ချုပ်ရေးမှူးဦးသန့်ဇင်ကို ရွာနဲ့တမိုင်သာသာဝေးတဲ့ မြွေတလိုင်းကျေးရွာအနီးမှာ တောကြီးမြွေပွေးအဖွဲ့က သေနတ်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာပါ။

“ဒီနေ့မနက် ၇ နာရီလောက်မှာ အုပ်ချုပ်ရေးမှူးကိုသေနက်နဲ့ပစ်ခဲ့တယ်။ စစ်ကောင်စီနဲ့ပေါင်းပြီး PDF နဲ့ဆက်သွယ်သူတွေဖမ်းတယ်၊ CDM လုပ်တဲ့သူတွေကိုလည်း ပြန်လုပ်ဖို့ခြိမ်းခြောက်တယ်။ ခေါင်း ၁ ချက် ရင်ဘက် ၂ ချက်ပစ်ခတ်ခဲ့တယ်” လို့ တောကြီးမြွေပွေးအဖွဲ့ခေါင်းဆောင်ဗိုလ်တီက ပြောပါတယ်။

ဒါ့အပြင် သူ့ရဲ့အလောင်းကိုလာသယ်တဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း နှစ်ကြိမ်ထပ်မံမိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးခန့်သေဆုံးနိုင်တယ်လို့ဆိုပါတယ်။

“အလောင်းလာသယ်တဲ့ကားမိုင်းထပ်ဆွဲခဲ့ရတော့ သူတို့ဖောကား ၂ စီးနဲ့ထပ်လာတယ်၊ မိုင်းကွင်းမရောက်ခင် ကားရပ်ထားပြီး ခြေလျင်စစ်ကြောင်းလာတယ်၊ အဲဒါကိုပြန်ပြီးတော့ ထပ်မိုင်းဆွဲလိုက်တယ်၊ ခွေး ၅ ကောင်သေပါတယ်၊ မိုင်း ၃ လုံးပဲဆွဲနိုင်ခဲ့ပါတယ်၊ အဲဒီမြို့နယ်တွေကစစ်တပ်ကလွှမ်းမိုးမှုရှိတာကြောင့် မိုင်းအများကြီးသုံးလို့မရပါဘူး”လို့ ဗိုလ်တီကပြောပါတယ်။

မနက် ၉ နာရီလောက်မှာအလောင်းလာသယ်တဲ့ကားတစီးနဲ့ ခြေလျင်စစ်ကြောင်းကို ပထမတကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး နေ့လည် ၁၂ နာရီလောက်မှာ နောက်ထပ်တပ်ကူအနေနဲ့လာတဲ့ စစ်ကောင်စီဖောကားတစီးကိုပါ ဒုတိယအကြိမ်တိုက်ခိုက်ခဲ့တာလည်းဖြစ်ပါတယ်။

ခုလိုတိုက်ခိုက်ခံရပြီးနောက် မတ္တရာမြို့နယ်အတွင်း စစ်ကောင်စီဘက်က အင်အားအပြည့်ဖြည့်ထားတဲ့အပြင် အခင်းဖြစ်ရာအနီးကိုလည်း စစ်သားတွေထပ်ရောက်လာတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့နိုဝင်ဘာလ ၁၄ ရက်ကလည်း တောကြီးမြွေပွေးအဖွဲ့နောက်ကိုလိုက်လာတဲ့ စစ်ကောင်စီတပ်သားတွေကို မတ္တရာမြို့နယ်၊ မြွေတလိုင်းရွာအနီးမှာ ပြန်လည်မိုင်းဆွဲခဲ့ရာ စစ်သား ၉ ဦးသေဆုံးခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10