အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေ

အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်အုပ်စု တိုက်ခိုက်ခံရပြီး ၃ ဦးသေ

မန္တလေးတိုင်း၊ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံးမှာ တပ်စွဲထားတဲ့ စစ်သားနဲ့ပျူတွေ တိုက်ခိုက်ခံရပြီး ၃ ဦးသေဆုံးကာ ၁ ဦးဒဏ်ရာရခဲ့တယ်လို့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေဆီက သိရပါတယ်။ 

နိုဝင်ဘာ ၉ ရက်မနေ့က မနက် ၄ နာရီလောက်မှာ အင်အား ၃၀ လောက်ရှိနေတဲ့ ဇရပ်ကွင်းရွာ အုပ်ချုပ်ရေးမှူးရုံးအပြင် အုပ်ချုပ်ရေးမှူးနေအိမ်နဲ့ စာရေးနေအိမ်တို့ကိုပါ ဝေဟင်ရော မြပြင်ကပါ တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

"ရုံးရယ်၊ အုပ်ကြီးအိမ်နဲ့ စာရေးအိမ်က တဆက်တည်းပါ။ PDF တွေဘက်က မပစ်ခင်မှာ လက်နက်ချဖို့အော်သေးတယ်။ စကစ ဘက်ကပစ်တော့ အပြန်အလှန်ပစ်ကြတာ"လို့ မြေပြင်တိုက်ခိုက်ရေးရဲဘော်တဦးက ပြောပါတယ်။ 

နှစ်ဖက်အပြန်အလှန်တိုက်ပွဲ ၁ နာရီခန့်ကြာပြီးမှာ စစ်ကောင်စီဘက်က ၃ ဦးသေဆုံးပြီး စာရေးအောင်နိုင်ဆိုသူလည်း ကျည်ထိမှန် ဒဏ်ရာရသွားတယ်လို့ ဆိုပါတယ်။

ဒီတိုက်ခိုက်မှုမှာ ဒေသကာကွယ်ရေးတပ်တွေဘက်က ဒရုန်းတွေအပါအဝင် လက်နက်ကြီး၊ လက်နက်ငယ်တွေသုံး တိုက်ခိုက်ခဲ့တာဖြစ်ပြီး အုပ်ချုပ်ရေးမှုးရုံးအနီးရပ်ထားတဲ့ စစ်ကောင်စီတပ် အသုံးပြုတဲ့ မော်တော်ယာဥ် ၂ စီးနဲ့ အုပ်ချုပ်ရေးမှုးရုံးလည်း ပျက်စီးမှုရှိခဲ့တယ်လို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်ကလည်း သပိတ်ကျင်းမြို့နယ်၊ ဗန်းမော် - မန္တလေး အမြန်လမ်းပေါ်မှာ အမှတ် ၁၃ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်းက စစ်ကောင်စီတပ်သားတွေ လိုက်ပါလာတဲ့ ကားတန်း တိုက်ခိုက်ခံရပြီး ၂ ဦးသေဆုံးခဲ့တယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ 

#မန္တလေး #သပိတ်ကျင်း #စစ်ကောင်စီ #တိုက်ခိုက် #သေဆုံး #သတင်း #မြေလတ်သတင်း

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10