အုပ်ချုပ်ရေးမှူး အလှူပွဲကို လုံခြုံရေးယူ ပြန်လာတဲ့ ရဲတွေ တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရ

အုပ်ချုပ်ရေးမှူး အလှူပွဲကို လုံခြုံရေးယူ ပြန်လာတဲ့ ရဲတွေ တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရ

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ ခင်ကြီးရွာနဲ့ သရက်ကုန်းရွာကြားမှာ အုပ်ချုပ်ရေးမှူး အလှူပွဲကို လုံခြုံရေးယူ ပြန်လာတဲ့ ရဲအဖွဲ့ တိုက်ခိုက်ခံရပြီး ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ဖေဖော်ဝါရီလ ၂၆ ရက် မနေ့ကနေ့လည် ၁၂ နာရီခန့်မှာ ဘုရားလဟာကျေးရွာ အုပ်ချုပ်ရေးမှူး အလှူကနေ ပြန်လာတဲ့အဖွဲ့ကို သတင်းအရ စောင့်ကြိုတိုက်ခိုက်ခဲ့တာလို့ ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူက ပြောပါတယ်။

"အုပ်ကြီးအလှူကို အခကြေးငွေနဲ့ လုံခြုံရေးယူပေးပြီး ပြန်လာကြတာ။ လာတာက ရဲ ၅ ဦးထဲပါ။ အဲဒါကို သတင်းရလို့ စောင့်ကြိုတိုက်လိုက်လိုက်တာ။ နယ်ထိန်းသန့်စင်အောင်ကတော့ ဦးခေါင်းကျည်ထိထားတာဆိုတော့ တော်တော်လေး အခြေနေဆိုးတယ်။ သေမယ့် သဘောရှိနေတယ်။ ပစ်ခတ်မှုကတော့ အချိန်ခဏလောက်ဘဲ ကြာတယ်" လို့ ပြောပါတယ်။

အဲဒီပစ်ခတ်ကို ဖြူးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဗိုလ်ကျားကြီး ဦးဆောင်တဲ့ အဖွဲ့က တိုက်ခိုက်ခဲ့တာဖြစ်ပြီး၊ ရဲတပ်ဖွဲ့တွေရဲ့ ထိခိုက်ဒဏ်ရာရ အခြေအနေကိုတော့ မျက်မြင်တွေ့ရတာနဲ့ ဒေသခံတွေဆီက ပြန်လည်သတင်းပေးချက်အရ အတည်ပြုနိုင်ခဲ့တာလို့ ပြောပါတယ်။ 

ဒဏ်ရာရ ရဲ ၄ ဦးထဲကနေ နယ်ထိန်းသန့်စင်အောင်ဟာ ဒဏ်ရာပြင်းထန်လို့ နေပြည်တော်ဆေးရုံကို ပို့ဆောင်ထားရတယ်လို့လည်း ဆိုပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၈ ရက်ကလည်း ဒေသခံတောင်သူတွေဆီကနေ စိုက်ဘဏ်ချေးငွေတွေ ပြန်ရဖို့ ဖိအားပေးတောင်းဆိုနေတဲ့ ဖြူး မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ကို ဒေသခံကာကွယ်ရေးတပ်တွေက သတိပေး ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဘဏ်ဝန်ထမ်း ၁ ဦး ဒဏ်ရာရရှိခဲ့ပါသေးတယ်။

#မြေလတ်အသံ

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10