အောင်လံက စစ်တပ်သတင်းပေးဆိုသူ စည်ပင်ဝန်ထမ်း ၁ ဦး အသတ်ခံရ

အောင်လံက စစ်တပ်သတင်းပေးဆိုသူ စည်ပင်ဝန်ထမ်း ၁ ဦး အသတ်ခံရ

မကွေးတိုင်း၊ အောင်လံမြို့ပေါ်က စစ်ကောင်စီသတင်းပေး စည်ပင်သာယာဝန်ထမ်း ၁ ဦးကို အောက်တိုဘာ ၁၉ ရက် မနက်ပိုင်းမှာရှင်းလင်းခဲ့တယ်လို့ Urban Gentlemen Team Team-B ဆီက သိရပါတယ်။

အောင်လံမြို့၊ မီးသင်္ဂြိုဟ်စက်အနီးမှာနေထိုင်တဲ့ အသက် ၄၀ အရွယ် ကိုမျက်ပြူးဆိုသူဟာ မြို့ပြပျောက်ကျားလှုပ်ရှားမှုတွေနဲ့ပတ်သက်ပြီး စစ်တပ်ကို သတင်းပေးတိုင်ကြားတာတွေလုပ်တာကြောင့် သူ့နေအိမ်မှာပဲရှင်းလင်းခဲ့တာလို့ ဆိုပါတယ်။ 

“စစ်တပ်ကို သတင်းပေးတဲ့အလုပ်လုပ်တယ်၊ သတင်းပေးတဲ့အချက်အလက်ကိုလည်း သိရတယ်၊ အရင်တုန်းက မြို့ပြပြောက်ကျားတွေ လှုပ်ရှားတုန်းကလည်း စစ်တပ်ကို တိုင်တာတွေလုပ်တယ်၊ အဲ့ဒါကြောင့် သူ့ကိုဓါးကောက်နဲ့ ထိုးပြီးရှင်းလင်းခဲ့တာ”လို့ Urban  Gentlemen Team Team-B တာဝန်ခံက ပြောပါတယ်။

ဒါ့အပြင် သူ့ရဲ့ဖုန်းကိုစစ်ဆေးချိန်မှာလည်း စစ်ကောင်စီနဲ့ဆက်သွယ်ထားတာတွေ တွေ့ခဲ့ရတယ်လို့ ဆိုပါတယ်။ 

“သူ့ဖုန်းကိုစစ်တဲ့အခါမှာလည်း စစ်တပ်ကဗိုလ်တွေ ထောက်လှမ်းရေး စရဖတို့နဲ့လည်း ဆက်သွယ် ထားတာရှိတယ်” လို့ အထက်ပါတာဝန်ခံက ပြောပါတယ်။ 

ကိုမျက်ပြူးဟာ မြို့ရဲ့အမှိုက်ပုံတွေမှာ အလုပ်လုပ်ရသူဖြစ်ပြီး သူရဲ့သားမက် ၂ ဦးကလည်း စစ်သားတွေဖြစ်တယ်လို့ သိရပါတယ်။ 

ပြီးခဲ့တဲ့ အောက်တိုဘာ ၁၈ ရက်ကလည်း အောင်လံမြို့နယ် လဝကရုံးက စစ်ကောင်စီကင်းစခန်းကို 79 လောင်ချာ၊ ၄၀ မမ ဗုံးသီးတို့နဲ့ Urban Gentlemen Team Team-A က ပစ်ခတ်တိုက်ခိုက်ခဲ့သေးတယ်လို့ သိရပါတယ်။ 

စာတည်း - လင်း 

#မြေလတ်အသံ

#မကွေး #အောင်လံ #စစ်တပ်ကသတင်းပေး #စည်ပင်သာယာဝန်ထမ်း #ရှင်းလင်း 

နောက်ဆုံးရ သတင်းများ

01
02
03
04
05
06
07
08
09
10